myaelatt athan

Sharing Information to the Local

မုံရွာက စစ်မှုထမ်းဟောင်းတဦး ရှင်းလင်းခံရမုံရွာ

0 4
0 4

မုံရွာ၊ ဖေဖော်ဝါရီ ၂‌၈၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က စစ်မှုထမ်းဟောင်းတဦး ဖေဖေါ်ဝါရီလ ၂၇ ရက် မနေ့ကနေ့လယ်ပိုင်းမှာ သေနတ်နဲ့ပစ်သတ်ခံခဲ့ရပါတယ်။

မုံရွာမြို့နယ်၊ မြို့သစ်ရပ်ကွက်က အသက် ၅၀ နှစ်အရွယ် စစ်မှုထမ်းဟောင်း ဒုတပ်ကြပ်သန်းနိုင်ဆိုသူဖြစ်ပြီး၊ ဆိုင်ကယ်နဲ့တဦးတည်းလာချိန် နေ့လယ် ၁၂ နာရီလောက်မှာ မုံရွာလွှတ်တော်နဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် – နမခ ကြားအရောက် ၉ မမနဲ့ ၂ ချက်ပစ်ခတ်ရှင်းလင်းခဲ့တာလို့ BHA အဖွဲ့ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံ မပိုးပိုးကပြောပါတယ်။

“ပစ်ခတ်လိုက်တဲ့နေရာမှာပဲ အဲဒီလူတခါတည်းရှောသွားတယ်။ သူ့ဆီက သူ့ရဲ့စစ်မှုထမ်းဟောင်းကဒ်၊ သံပုရာသီး(ဗုံး)တလုံးနဲ့ ဖုန်းတလုံးသိမ်းဆည်းရမိခဲ့ပါတယ်။ ပြီးတော့သူက နခမရဲ့ လူယုံတယောက်လည်းဖြစ်တယ်။ နမခကို စားနပ်ရိက္ခာထောက်ပံ့သူလည်းဖြစ်တယ် ” လို့ ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို Brave Heart Army – BHA၊မုံရွာ_ဗန္ဓုလနဲ့အဖွဲ့သားများ အဖွဲ့(၁)၊ Black Falcon ‌မြို့တွင်းပျောက်ကျားတပ်ဖွဲ့နဲ့ SpecialForces-11PDF၊ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

ကိုသန်းနိုင်ဟာ PDF တွေရဲ့လူပ်ရှားမူသတင်းကို ပေးနေသူဖြစ်တာကြောင့် စောင့်ကြည့်သုတ်သင်ခဲ့တာဖြစ်ပြီး၊ ဦးခေါင်းနဲ့ရင်ဘတ်ကို တချက်စီကျည်ထိမှန်ခဲ့ကာ နေရာတင်ပွဲချင်းပြီးသေဆုံးခဲ့တာလို့လည်း မပိုးပိုးက ဆက်ပြောပါတယ်။

BHA အဖွဲ့ဟာ ဒေသတွင်းမဟာမိတ်တွေနဲ့ပေါင်းပြီး ပြီးခဲ့တဲ့ဖေဖေါ်ဝါရီလ ၂၆ ရက်မနက်ကလည်း မုံရွာမြို့နယ်၊ တောပုရွာအနီးက လယ်ကွင်းထဲမှာ ပဲနဲ့ဂျုံတွေရိတ်နေတဲ့ ပျူစောထီးတွေကို တိုက်ခိုက်ခဲ့လို့သေဆုံးမှုတွေ ရှိခဲ့ပါသေးတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။