myaelatt athan

Sharing Information to the Local

ဓားပြတိုက်နေချိန် နေအိမ်အလည်ရောက်နေတဲ့ ဒုရဲမှူးဆိုသူပါပစ်သတ်ခံရ

0 4
0 4

မန္တလေး၊ ဖေဖော်ဝါရီ ၂‌၆၊ ၂၀၂၃။

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဋ) ရပ်ကွက်၊ ၄၄ လမ်းနဲ့ ၁၃၆ လမ်း၊ ညောင်ပင်ကုန်းရွာမှာ နေအိမ်ဓားပြတိုက်ချိန် နေအိမ်အလည်ရောက်နေတဲ့ ဒုရဲမှူးဆိုသူပါပစ်သတ်ခံရတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ည ၇ နာရီခန့်မှာ ညောင်ပင်ကုန်းကျေးရွာနေ မြေပွဲစားလုပ်ကိုင်သူ ဒေါ်ခင်လှ နေအိမ်သို့ အမည်မသိ လူ(၇)ဦးခန့်မှ ဓားပြဝင်တိုက်ခဲ့ရာ အိမ်အလည်ရောက်နေတဲ့ ဒုရဲမှူးဆိုသူကိုပါ ဓားပြတွေက ပစ်သတ်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“အခင်းဖြစ်တဲ့နေရာက ဒုရဲမှူးမိန်းမ အမရဲ့နေအိမ်ပါ။ သူတို့လင်မယားက အပတ်တိုင်း အဲအိမ်ကို အလည်သွားနေကျ။ မနေ့ကဆိုလည်း သူတို့ရောက်နေတဲ့အချိန် ဓားပြတွေက အိမ်ထဲဝင် ဓားပြတိုက်တာ။ အဲထိကတော့ ဓားပြတွေက သူကို ရဲမှန်းမသိကြဘူး။ အဲ့အချိန်မှာ သူတို့ရဲတွေကိုင်တဲ့ စကားပြောစက်ကနေ အသံထွက်လာတော့ သူကို ရဲမှန်းသိပြီးပစ်သတ်သွားတာ။ ဓားပြအဖွဲ့က လူအင်အားများတယ်။ သူမှာလည်း သေနတ်ပါပေမယ့် ပစ်ချိန်မရလိုက်ဘူး” လို့ ပြောပါတယ်။

ပစ်သတ်ခံရတဲ့သူဟာ အမှတ်(၆)မီးရထားရဲတပ်ဖွဲ့(မြစ်ငယ်)က တပ်ခွဲမှူး ဒုရဲမှူး ဝင်းမင်းသန့် အသက် ၄၉ နှစ်ဆိုသူဖြစ်တယ်လို့ သိရပါတယ်။

ဒုရဲမှူးဆိုသူကို ပစ်သတ်ပြီးနောက် ဓား​ပြအဖွဲ့ဟာ ဒုရဲမှူးကိုင်ဆောင်တဲ့ ခြောက်လုံးပြူးသေနတ်၊ ကျည်တွေနဲ့ စကားပြောစက်၊ အိတ်ကိုပါ ယူဆောင်သွားသလို အိမ်ရှင်ရဲ့ ငွေကျပ် သိိန်း ၃၀၀ ကျော်နဲ့ ရွှေထည်တွေကိုပါယူဆောင်သွားပြီး အိမ်ရှင် အမျိုးသမီးနဲ့ဒုရဲမှူးရဲ့ အမျိုးသမီးကိုတော့ ဓားပြအဖွဲ့က ဘာမှမလုပ်ဘဲ ပြန်ထွက်သွားတယ်လို့ဆိုပါတယ်။

၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့က ချမ်းမြသာစည်မြို့နယ်၊ မနော်ဟရီလမ်းနဲ့ လမ်း ၅၀ ထောင့်မှာ ဘဏ်ကနေ ကိုယ်ပိုင်ကားနဲ့ ငွေကျပ်သိန်း ၄၀၀၀ ထုတ်ယူပြီးပြန်လာတဲ့ မိသားစုဓားပြတိုက် ပစ်ခတ်ခံရလို့ တက္ကသိုလ်ကျောင်းသူ ၁ ဦးသေဆုံးခဲ့ပြီး ငွေနဲ့ကားကို ဓားပြအဖွဲ့က ယူဆောင်သွားခဲ့သေးတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။