မတ္တရာက စစ်ကောင်စီခန့် ကျေးရွာတာဝန်ခံ ပစ်သတ်ခံရ

0 5
0 5

မတ္တရာ၊ ဖေဖော်ဝါရီ ၂၅၊ ၂၀၂၃။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ပန်းယျကျေးရွာအုပ်စု၊ ပန်းယျကျေးရွာမှာ စစ်ကောင်စီခန့် ကျေးရွာတာဝန်ခံ သေနတ်နဲ့ ပစ်ခံရပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၂၄ ရက် နေ့လည် ၁၂ နာရီခန့်မှာ ပန်းယျကျေးရွာ တာဝန်ခံ ဦးသောင်းဟန် ၇၁ နှစ်ဟာ ဆိုင်ကယ်နဲ့အပြင်သွားချိန် ပန်းယျ-တုန်ကုန်းကျေးရွာချင်းဆက်လမ်းပေါ်မှာ ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“သူ့သားကို ထမင်းချိုင့်သွားပို့တယ်လို့ သိရတယ်။ အဲ့ဒါကို သေနတ်သမားတွေက လိုက်လာပြီး ပစ်သွားတာ။ သူက စကစခန့် ကျေးရွာတာဝန်ခံဆိုတော့ လုပ်သွားတာနဲ့ တူတယ်” လို့ပြောပါတယ်။

ဦးသောင်းဟန်ဟာ စစ်ကောင်စီလက်အောက်ခံ အထက်အရာရှိတွေက ခိုင်းတဲ့ ကိစ္စတွေကိုလုပ်ပေးပြီး ကျေးရွာထဲမှာလည်း အနည်းငယ် အာဏာပြတာမျိုးတွေ ရှိပြီး၊ ခုလို ပစ်ခတ်ခံရတာကြောင့် ဝဲဘက်နားထင် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက် ရပြီး နေရာမှာပဲ သေဆုံးသွားတယ်လို့ ဆိုပါတယ်။

ဒီပစ်ခတ်မှုကို ဘယ်အဖွဲ့အစည်းက လုပ်ဆောင်လဲဆိုတာ ထုတ်ပြန်ကြေငြာထားတာ မရှိသေးသလို ဦးသောင်းဟန် အလောင်းကိုတော့ ဒေသခံတွေရဲ့အကူအညီနဲ့ မတ္တရာဆေးရုံကို ပို့ထားတယ်လို့ အထက်ပါဒေသခံက ပြောပါတယ်။

အလားတူ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၁၇ ရက်ကလည်း မတ္တရာမြို့နယ်၊ တံငါမြောက်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်မင်းထွန်းဆိုသူလည်း သေနတ်နဲ့ပစ်ခံရပြီး သေဆုံးခဲ့ပါသေးတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။