myaelatt athan

Sharing Information to the Local

ကန့်ဘလူနယ်မှာ အရပ်သား ၅ ဦး မိုင်းထိ

0 6
0 6

ကန့်ဘလူ၊ ဖေဖော်ဝါရီ ၂၅၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် တောင်ခြမ်း၊ ထန်းကုန်းတိုက်နယ်မှာ ဖေဖေါ်ဝါရီလ ၂၅ ရက် ဒီနေ့မနက်အစောပိုင်းက ပြည်သူ ၅ ဦး မိုင်းထိမှန်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ကန့်ဘလူမြို့နယ်၊ ညောင်ဇင်ရွာအဝင်မှာ ဒီမနက်အစောပိုင်းက ရွာသား ၃ ဦးနဲ့ စျေးလာရောင်းသူ လင်မယား ၂ ဦး မိုင်းထိမှန်ခဲ့တာလို့ ဆိုပါတယ်။

“ညောင်ဇင်ရွာကို ကာဘိုးရွာဘက်ကနေ ဆိုင်ကယ်နဲ့ ဈေးလာရောင်းတဲ့ ဈေးသည်လင်မယားနဲ့ ရွာထဲက အရပ်သား ၃ ဦး ရွာထိပ်မှာ မိုင်းထိမှန်ခဲ့တာပါ။ မိုင်းသံကြားပြီးတော့ သေနတ်ပစ်ဖောက်သံတွေလည်း ကြားနေရတယ်။ ရွာသားတွေ ရွာထဲကနေ ရွာပြင်ထွက်ဖို့တောင် ကြောက်နေရတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

အသက် ၃၀ နဲ့ ၄၀ အရွယ်လောက်ရှိတဲ့ အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး တဦးကို မိုင်းထိမှန်ခဲ့တာလို့ သူကဆက်ပြောပါတယ်။

ထိခိုက်သူတွေရဲ့ အသေးစိတ်အချက်အလက်ကို မသိရှိရသေးဘဲ အဲ့ဒီထဲက တဦးကတော့ စိုးရိမ်ရတဲ့ အခြေအနေရှိတယ်လို့ အထက်ပါဒေသခံက ဆက်ပြောပါတယ်။

ညောင်ဇင်ရွာမှာ အိမ်ခြေ ၂၀၀ ဝန်းကျင်လောက်ရှိပြီး ပျူစောထီးအမာခံတွေရှိတဲ့ ကျေးရွာဖြစ်ကာ PDF ရန်ကို ကြောက်တာကြောင့် ထောင်ထားတဲ့မိုင်း ဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ် ပြောကြားပေမယ့် ဒီမိုင်းတွေကို ဘယ်အဖွဲ့အစည်းက ထောင်ထားလဲဆိုတာကိုတော့ မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။

ညောင်ဇင်ရွာမှာ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၁၆ ရက်ကလည်း မိုင်းပေါက်ကွဲမှုဖြစ်ပြီး လယ်တောသွားတဲ့ ပြည်သူတဦးနဲ့ နွား ၂ ကောင် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။