ဆားလင်းကြီးပကဖရဲ့ဘဏ္ဍာရေးတာဝန်ခံ ကိုလက်ယာ လုပ်ကြံခံရ

ဆားလင်းကြီး၊ ဇူလိုင် ၂၂၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဘဏ္ဍာရေးတာဝန်ခံ ကိုလက်ယာ ဇူလိုင် ၂၂ ရက်ဒီမနက် ၄ နာရီလောက်မှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ကိုလက်ယာဟာခရီးသွားရင်းညအိပ်တည်းခိုတဲ့ ဆားလင်းကြီးမြို့နယ်ထဲက နေအိမ်တအိမ်မှာ အသတ်ခံခဲ့ရတာဖြစ်ပြီး ဦးခေါင်းပွင့်ထွက်ဒဏ်ရာနဲ့သေဆုံးခဲ့တာလို့ ဆိုပါတယ်။

“ဖြစ်စဥ်က မနက် ၄ နာရီမှာဖြစ်သွားတာ။ သေနတ်သံကြားလို့ လိုက်ကြတော့ နောက်ဖေးပေါက်က ထွက်ပြေးသွားပြီး ဆိုင်ကယ်နဲ့ထွက်ပြေးသွားတယ်”လို့ ဒေသခံတဦးက မြေလတ်အသံကိုပြောပါတယ်။

ရုပ်အလောင်းကိုတော့ ဒီနေ့လယ်ပိုင်းမှာပဲမီးသင်္ဂြိုဟ်ခဲ့တယ်လို့ ဆိုပါတယ်။ ကိုလက်ယာရဲ့အလောင်းအနီးမှာ မျက်မှန်တလက်ကျန်ရစ်ခဲ့ပြီး လက်ရှိမှာ သံသယတရားခံ ၁ ဦးကို မြို့နယ်တာဝန်ရှိသူတွေက ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။