တိုက်ပွဲနားရက်မှာ အီနာဂါဗုံးသီးတွေ ထုတ်လုပ်နေတဲ့ ကျားခင်စိန် အမျိုးသမီး Drone တပ်ဖွဲ့

0 5
0 5

မြောင်၊ ဖေဖော်ဝါရီ ၂၄၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ အခြေချထားတဲ့ ကျားခင်စိန် (T.G.R) အမျိုးသမီး Drone တပ်ဖွဲ့ဟာ တိုက်ပွဲနားရက်တွေမှာ အီနာဂါဗုံးသီးတွေကို ပြုလုပ်လေ့ရှိတယ်လို့ တပ်ဖွဲ့ဝင်ဆီက သိရပါတယ်။

ကျားခင်စိန် (T.G.R)အမျိုးသမီး Drone အဖွဲ့ဟာ Drone နဲ့ သွားရောက်တိုက်ခိုက်ရာမှာ လိုအပ်တဲ့ အီနာဂါ ဗုံးသီးတွေကို ပြုလုပ်နေတယ်လို့ (T.G.R) အမျိုးသမီး Drone တပ်ဖွဲ့‌ခေါင်းဆောင် ကျားခင်စိန်က ပြောပါတယ်။

“လက်ရှိမှာတော့ ပွဲကရပ်ထားတာမျိုးတော့ မဟုတ်ပါဘူး။ အခုလုပ်နေတဲ့ အီနာဂါဗုံးသီးတွေက ကျနော်တို့ ကိုယ်တိုင် လုပ်တယ်။ ကိုယ်တိုင် ထုတ်တယ်။ Drone နဲ့ သွားတိုက်တဲ့အခါ အဲဒါတွေက လိုအပ်တယ်လေ။ ကျနော်တို့ အားတဲ့အခါမျိုးတွေမှာ အမြဲလုံးတယ်” လို့ ဆိုပါတယ်။

အမျိုးသမီး Drone တပ်ဖွဲ့ဟာ ဖေဖော်ဝါရီလထဲမှာ စစ်ကောင်စီတပ်ဖွဲ့တွေကို Drone နဲ့ ၆ ကြိမ်ထက်မနည်း သွားရောက်တိုက်ခိုက်ခဲ့ပေမဲ့လည်း ကင်းပုန်းတွေနဲ့ တိုးတဲ့အတွက် ဗီဒီယိုမှတ်တမ်းတွေကို မယူထားနိုင်ဘူးလို့ ကျားခင်စိန်က ဆက်ပြောပါတယ်။

“ကျနော်တို့ Drone စရကတည်းက နေ့တိုင်း ပွဲကတယ်။ မစ်ရှင်တွေ ဆက်တိုက်လုပ်တယ်။ ဆက်တိုက်လုပ်ပေမဲ့လည်း ဂျန်ပါအခက်အခဲကြောင့် မစ်ရှင်ပွဲတွေ မအောင်မြင်တာပါ။ ကျတော်တို့က ဒရုန်းမရှုံးအောင် အဓိက ကာထားရတာရယ်၊ ဒရုန်းပြန်ခေါ်တဲ့အချိန် အန္တရာယ်များတော့ record တွေ ပြန်မရတာပါ” လို့ ဆိုပါတယ်။

ကျားခင်စိန် (T.G.R) အမျိုးသမီး ဒရုန်းတပ်ဖွဲ့ဟာ ဒရုန်းဆုံးရှုံးခဲ့ရလို့ မစ်ရှင်တွေ ၂ လနီးပါး နားထားခဲ့ရပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလမှာတော့ လိုချင်တဲ့ ဒရုန်းကို ပြန်လည်ရရှိခဲ့တယ်လို့ ဆိုပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။