myaelatt athan

Sharing Information to the Local

တပ်မ ၃၃ က စစ်ကား ၂ စီး မြင်းမူနယ်ထဲမှာ မိုင်းဆွဲခံရလို့ စစ်သား ၄ ဦး ဒဏ်ရာရ

0 5
0 5

စစ်ကိုင်း၊ ဖေဖော်ဝါရီ ၂၄၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့အခြေစိုက် အမှတ် ၃၃ ခြေမြန်တပ်မဌာနချုပ် (တမခ ၃၃)ကနေ စစ်သားအင်အားအပြည့်နဲ့ ထွက်ခွာလာတဲ့ ကား ၂ စီးကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ညပိုင်းက မြင်းမူမြို့နယ်ထဲမှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။

မြင်းမူမြို့နယ် နဘဲကြူးဇရပ်နဲ့ ကံပြားဇရပ်အကြားမှာ ပဒေသာမိုင်း ၁၀ လုံးနဲ့ မိုင်းဆွဲ တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ Moe Nyo Revolution Force M.N.R.F အဖွဲ့တာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။

“မနေ့က ညပိုင်းမှာ စစ်ကိုင်း တပ်မ ၃၃ က ခွေးကား ၂ စီး လာတာကို ကြိုတင်သတင်းရတာနဲ့ စောင့်ပြီး တိုက်ခိုက်ခဲ့တာ၊ ကား ၂ စီးလုံးမှာ အင်အားအပြည့် ပါလာတယ်။ ည ၉ နာရီ ၂၀ မိနစ်မှာ ဒုတိယကားကို ထိထိမိမိ ပဒေသာမိုင်းဆွဲလိုက်တာ။ မြင်းမူ နဘဲကြူးဇရပ်နဲ့ ကံပြားဇရပ်ကြားမှာ မိုင်းဆွဲခဲ့တာ။ ထိခိုက် ဒဏ်ရာရတာက ၄ ကောင် ဒဏ်ရာရပြီး သေဆုံးမှုကိုတော့ မသိရသေးဘူး” လို့ သူက ပြောပါတယ်။

နဘဲကြူးဇရပ်နဲ့ ကံပြားဇရပ်အကြားမှာ အဲ့ဒီ စစ်ကိုင်းတပ်မ ၃၃ က စစ်ကားတွေ မိုင်းဆွဲခံရလို့ ကားပေါ်ပါလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ထီးဆောင်းရွာမှာ ချထားခဲ့ပြီး ကားတွေက စစ်ကိုင်းဘက်ကို ပြန်သွားတယ်လို့ သိရပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုကို Moe Nyo Revolution Force M.N.R.F ၊ PENTAGRAM ငါး‌ထောင့်ကြယ် နှင့် ကျောက်ဆည်နဂါးနီ ပြည်သူ့ကာကွယ်ရေးတပ်တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် တာတိုင်ကျေးရွာကို မီးရှို့တဲ့ စစ်အုပ်စုကို Moe Nyo Revolution Force M.N.R.Fက တိုက်ခိုက်ခဲ့လို့ စစ်သား ၄ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။