ရိုဟင်ဂျာ ၃၀ ကျော် တင်ဆောင်လာတဲ့ ၆ ဘီးကား သာယာဝတီမှာဖမ်းဆီးခံရ

0 5
0 5

ပဲခူး၊ ဖေဖော်ဝါရီ ၂၁၊ ၂၀၂၃။

ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာဝတီမြို့နယ်၊ သင်တောရိုးကျေးရွာအုပ်စု၊ ဂွေးချောင်းကျေးရွာအနီး ရန်ကုန် – ပြည်လမ်းမ မက်စ်မြန်မာတိုးလ်ဂိတ်မှာ ရိုဟင်ဂျာအမျိုးသမီး ၄ ဦးအပါ ၃၂ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၂၁ ရက် ဒီကနေ့နေ့လည် ၁၂ နာရီခန့်က အဲ့ဒီတိုးလ်ဂိတ်မှာ ပြည်မြို့ဘက်ကနေ ရန်ကုန်ဘက်ကိုမောင်းနှင်လာတဲ့ အပြာရောင် ၆ ဘီးကားကို စစ်ကောင်စီတပ်ဖွဲ့၀င်တွေက တားဆီးစစ်ဆေးရာကနေ ဝါးထရံတွေကာပြီး တင်ဆောင်လာတဲ့ရိုဟင်ဂျာတွေ ဖမ်းဆီးခံခဲ့ရတာလို့ ဒေသခံတဦးက မြေလတ်အသံကိုပြောပါတယ်။

“ပြန်သိရတာက စကစတွေ စစ်ဆေးနေချိန်မိတာလို့ သိရတယ်။ သူတို့ သတင်းရလို့နေမယ်။ သူတို့ကို တင်လာတဲ့ကားက ကျောက်တွေတင်တဲ့ဖောကား။ အပေါ်ကနေ ဝါးထရံတွေအုပ်ပြီး အောက်မှာ လူတွေလိုက်လာတာ။ ခုတော့ ဖမ်းသွားပြီအားလုံးကို။ ဒီလမ်းကြောင်းတွေက ရခိုင်ဘက်ကနေ ရန်ကုန်သွားတဲ့သူတွေကို သယ်နေကျ လမ်းကြောင်းပဲ။ ခုတခါက ပိုက်ဆံမရလို့လား၊ သတင်းပေးတိုင်လို့လား မသိဘူး”လို့ ပြောပါတယ်။

အဲ့ဒီကားထဲကနေ ရိုဟင်ဂျာလူမျိုး အမျိုးသား ၂၈ ဦး၊ အမျိုးသမီး ၄ ဦးဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ယာဉ်မောင်းနဲ့ ကားကိုပါဖမ်းဆီးကာ သုံးဆယ်ရဲစခန်းဘက်ကို ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် ဇူလိုင်လကလည်း ပန်းတောင်းမြို့နယ်၊ ဉသျှစ်ပင်လမ်းဆုံအနီး စစ်ဆေးရေးဂိတ်မှာ အထောက်အထားမဲ့ ရိုဟင်ဂျာ အမျိုးသား ၁၂ ဦးနဲ့ အမျိုးသမီး ၁၈ ဦ ဖမ်းဆီးခံခဲ့ရသေးတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။