ကျဆုံးရဲဘော် နှစ်ပတ်လည် အောက်မေ့ခြင်းအခမ်းအနားနဲ့ အထိုင်သပိတ်ပြုလုပ်

0 3
0 3

စစ်ကိုင်း၊ ဖေဖော်ဝါရီ ၁၈၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တနေရာမှာ နယ်မြေခံတော်လှန်ရေးအဖွဲ့အစည်းတွေ၊ သပိတ်ကော်မတီတွေနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး ဖေဖော်ဝါရီလ ၁၈ ရက်ဒီကနေ့မှာ အထိုင်သပိတ်ကျင်းပခဲ့တယ်လို့ သိရပါတယ်။

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်က မြသိန်းတန်တိုက်ပွဲမှာကျဆုံးခဲ့တဲ့ ရဲဘော် ကိုအောင်ဇိမ်ထွန်း(ခ) ကိုအောင်ကြီးရဲ့ တနှစ်ပြည့်အောက်မေ့ခြင်းအခမ်းအနားနဲ့အတူ သပိတ်ဆင်နွှဲခဲ့တာဖြစ်တယ်လို့ သိရပါတယ်။။

အဆိုပါ အခမ်းအနားကို တော်လှန်ရေးတပ်ဖွဲ့များ၊ ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပ.က.ဖ)၊ ကနီမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့(ပ.လ.ဖ)၊ မုံရွာလူထု ပင်မသပိတ်ကော်မတီ၊ မုံရွာစီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ နဲ့ ဒေသခံပြည်သူတွေပါဝင်ကာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။