ဝက်လက်က ရွာတရွာကို စစ်အုပ်စုက လက်နက်ကြီးနဲ့ပစ်ခတ်

0 4
0 4

စစ်ကိုင်း၊ ဖေဖော်ဝါရီ ၁၈၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ထုံးဘိုကုန်းကျေးရွာထဲကို စစ်ကောင်စီနဲ့ ပျူစောထီးတပ်ဖွဲ့တွေက ဖေဖော်ဝါရီလ ၁၇ ရက် မနေ့ကညနေပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

မနေ့ညနေ ၆ နာရီလောက်မှာ စဉ့်ကူးမြို့နယ်၊ ခက်သင်ရွာနဲ့ ဆယ်ပင်ကျွန်းရွာကြားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးတပ်ဖွဲ့တွေက ၈၁ မမ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာ ထုံးဘိုကုန်းရွာထဲက လူမနေတဲ့ နေအိမ်တလုံး ထိမှန်ပျက်စီးခဲ့တယ်လို့ ဝက်လက် PDF တပ်ဖွဲ့တင် ဗိုလ်မြေဩဇာက ပြောပါတယ်။

“လက်နက်ကြီး တလုံးထဲနဲ့ ပစ်လိုက်တာပါ။ လက်နက်ကြီးကျသွားတဲ့အိမ်က လူမနေတဲ့အိမ်ဖြစ်တော့ တော်သေးတာပေါ့။ ထိခိုက်တာတွေတော့ မရှိဘူး။ အိမ်တခြမ်းကတော့ မီးလောင်သွားတယ်” လို့ ဆိုပါတယ်။

ခုလိုပစ်ခတ်တဲ့အချိန်အတွင်းမှာလည်း ကျေးရွာဒေသခံတွေဟာ ကြောက်လန့်ပြီး ညတွင်းချင်း ထွက်ပြေး တိမ်းရှောင်ခဲ့ရတယ်လို့ ဗိုလ်မြေဩဇာက ဆက်ပြောပါတယ်။

“သူတို့(စစ်ကောင်စီ)က မကြာခဏ လက်နက်ကြီးတွေနဲ့ ပစ်ထုတ်နေတာတွေတော့ ရှိတယ်။ ရွာထဲကို ကျတာကတော့ အခုမှ ပထမအကြိမ်ပါ။ ချက်ချင်းကြီး ရွာထဲကို လက်နက်ကြီးကျတော့ ရွာသားတွေက ထွက်ပြေးကြတာပေါ့” လို့ ဆိုပါတယ်။

ထုံးဘိုကုန်းကျေးရွာမှာ အိမ်ခြေ ၃၀၀ ကျော်နဲ့ လူဦးရေ ၁၅၀၀ ဝန်းကျင်ရှိပြီး ဒေသခံတွေအနေနဲ့ မနေ့က လက်နက်ကြီးနဲ့ပစ်ခတ်ချိန်မှာ ရွာကနေ ထွက်ပြေးတိမ်းရှောင်ခဲ့ကြပေမယ့် ဒီနေ့မနက်မှာတော့ ရွာသားအချို့က ကျေးရွာထဲကို ပြန်လည် ဝင်ရောက်နေပြီလို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။