0
မြေလတ်အသံ၊ မတ် ၃၁၊ ၂၀၂၃။
- တောင်ငူလေတပ်ကို ရှော့တိုက်ဒုံး ၈ လုံးနဲ့တိုက်ခိုက်လို့ ရဟတ်ယာဥ် ၁ စီးထိခိုက်ပြီး ၃ ဦးသေဆုံးဟုဆို
- မကွေးတိုင်းမှာ သင်တန်းဆင်းပွဲနဲ့ လက်နက်ပေးအပ်ပွဲ ကျင်းပ
- ဆံပင်ညှပ်နေတဲ့ ရဲတွေ ပစ်ခတ်ခံရပြီး နယ်ထိန်းခေါင်းဆောင် ၁ ဦး သေဆုံး
- မုံရွာမှာ ၁ ရက်တည်း အမျိုးသမီး ၃ ဦးအဖမ်းခံရ
- ကနီမြို့ပေါ်က ချိတ်ပိတ်ခံရတဲ့အိမ်တွေနဲ့ ဝန်ထမ်းအိမ်ယာတွေမှာ ပျူစောထီးတွေကို နေခွင့်ပေး
- နိုင်ငံရေးဟောပြောပွဲနဲ့ ၃၇ ရွာမြောက် မိုးခါးရေဇာတ်ကား ပြသ
- ဘုတလင်မှာ အမျိုးသား ၆ ဦးကို စစ်တပ်က ကြိုးတုတ်ပြီးဖမ်းခေါ်သွား
- တရက်တည်း စစ်တပ်အထိုင်ချထားတဲ့နေရာ ၃ ခု တိုက်ခိုက်ခံရလို့ ၁၀ ဦးနီးပါးဒဏ်ရာရ
- စစ်ကောင်စီ စစ်ကြောင်းဝင်နေလို့ ဆားလင်းကြီးဒေသခံ ၇၀၀၀ ကျော်ထွက်ပြေးနေရ
- ဘုတလင်နယ်က စစ်ရှောင်စာသင်ကျောင်းကို ကျောင်းသုံးပစ္စည်းနဲ့ စားသောက်ကုန်တွေလှူဒါန်း