0
မြေလတ်အသံ၊ ဒီဇင်ဘာ ၂၊ ၂၀၂၂။
- စခန်းသိမ်းတိုက်ပွဲ စစ်ကောင်စီဘက်က ၁၀ ဦးကျော်သေဆုံး၊ PDF ၂ ဦးကျဆုံး
- ကန့်ဘလူနယ်မှာ ပျူစောထီးတွေက ခြိမ်းခြောက်ခေါ်လို့ တအိမ်တယောက်နှုန်းနဲ့ သက်ကြီးဘိုးဘွား တွေ
စစ်သင်တန်းတက်နေရ - ပေါက်မြို့နယ်ထဲက စစ်ဘေးရှောင် ၆ ထောင်ကျော် စားဝတ်နေရေးခက်ခဲနေ
- စစ်ကိုင်းတိုင်း မုံရွာလမ်းမှာ စစ်ယာဉ်တန်း မိုင်း ၅ကြိမ်ဆွဲခံရလို့ ၁၁ဦးသေဆုံးပြီး မိုင်းထိအပိုင်းအစကနေ အပုပ်နံ့
တွေထွက်နေလို့ PDF တွေက မီးရှို့ရှင်းလင်းပေးခဲ့ - ခင်ဦးမြို့နယ်ထဲက စစ်ရှောင်ကူညီသူတွေကို စစ်ကောင်စီက အနှောက်အယှက်ပေးနေ
- ပန်းတောင်းမြို့နယ်နဲ့ နတ်တလင်းမြို့နယ်တို့ကလူငယ်တွေကို ထောင်ဒဏ် ၂ နှစ်ကနေ အနှစ် ၂၀ အထိ အမိန့်ချမှတ်
- လေယာဉ်ဆီသယ်လာတဲ့ ရေယာဉ်တွေ ရေမြှုပ်မိုင်းဆွဲခံရလို့ ၄ဦးသေဆုံး
- ပခုက္ကူမှာ အမျိုးသမီးငယ်တွေကို ဘောင်းဘီမဝတ်ဖို့၊ ဆံပင်မကျစ်ဖို့နဲ့ ပါးကွက်ကြားမလိမ်းဖို့ တားမြစ်ထား
- ရွှေဘိုမှာ ပျူစောထီးတွေ ဗုံးကြဲတိုက်ခိုက်ခံရလို့ ၂ ဦးဒဏ်ရာရ
- ပုသိမ် မုံရွာလမ်းပေါ်မှာ လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းခံရ