ကစထမှူးဆင်းမတိုက်ရဲတဲ့ ရခိုင်စစ်မြေပြင် (ရုပ်သံဆောင်းပါး)

1 11
1 11

မြေလတ်အသံ၊ ဇူလိုင် ၃၁၊ ၂၀၂၅။

ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ မြန်မာအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်(ကိုးကန့်) MNDAA၊ တအာဝ်းအမျိုးသားလွတ်မြောက်ရေးတပ် TNLA၊ အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ၂၀၂၃ အောက်တိုဘာလမှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးတွေမှာ စစ်ကောင်စီတပ်တိုင်းစစ်ဌာနချုပ် ၁၄ ခုအနက် လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) နဲ့ အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တို့ဟာ ၂၀၂၄ အတွင်း ၃ လသာခြားကာ ရှေ့ဆင့်နောက်ဆင့် ကျရှုံးခဲ့ပါတယ်။

အဲ့ဒီကျရှုံးမှုတွေမှာ ရမခတိုင်းမှူးအပါ စစ်တိုင်းမှူး၊ ဒုတိုင်းမှူး၊ တိုင်းဦးစီးချုပ်၊ ဒကစမှူး၊ တပ်မမှူး၊ စကခမှူး ရာထူးရယူထားသူ ဗိုလ်ချုပ်၊ ဗိုလ်မှူးချုပ် ၃၀ နီးပါးအပါ စစ်ကောင်စီတပ်အရာရှိကြီးအများအပြား သေဆုံး၊ ပျောက်ဆုံးတာနဲ့ စစ်သုံ့ပန်းအဖြစ်အရှင် ဖမ်းဆီးခံရမှုအများအပြားရှိခဲ့ပါတယ်။

၂၀၂၄ ဩဂုတ်လမှာ ရမခ ကျရှုံးခဲ့ပေမယ့် တရုတ်နိုင်ငံရဲ့ဖိအားတွေကြောင့် အခုနှစ်ဧပြီလမှာ လားရှိုးမြို့နဲ့ ရမခစစ်ဌာနချုပ်ကို ကျည်တချက်မဖောက်ရဘဲ စစ်ကောင်စီလက်ထဲ ကိုးကန့်တပ်တွေ ပြန်ပေးခဲ့ရပါတယ်။ လားရှိုးနဲ့ရမခကိုပြန်ရပြီးနောက် စစ်ကောင်စီတပ်က သိမ်းပိုက်ခံထားရတဲ့ ရှမ်းမြောက်ဒေသမြို့တွေကို ပြန်လည်ရယူနိုင်ဖို့ ကြိုးစားလာခဲ့ရာ ရမခနယ်မြေ အစွန်ဖျားဆုံးမြို့ဖြစ်တဲ့ နောင်ချိုမြို့ကို ဇူလိုင်လအတွင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေလက်ထဲက ပြန်လည်ရယူနိုင်ခဲ့ပါတယ်။

အဲ့ဒီနောင်ချိုတိုက်ပွဲတွေမှာ နေပြည်တော်စစ်ရုံးချုပ်က စစ်ဆင်ရေးအထူးအဖွဲ့မှူး ခေါ် ကစထမှူး ဒုတိယ ဗိုလ်ချုပ်ကြီး နိုင်နိုင်ဦး အနီးကပ်စစ်မြေပြင်အထိ လိုက်ပါကွပ်ကဲတာကြောင့် အောင်ပွဲတွေရရှိတာလို့ စစ်တပ်ထောက်ခံသူတွေအကြား အဲ့ဒီကစထမှူးကို တခုတ်တရ ဘုန်းတော်ဘွဲ့ ရေးသားနေကြတာကိုလည်း တွေ့ရပါတယ်။

ဒါပေမယ့် ရမခနဲ့ ၃ လသာခြားပြီးကျရှုံးခဲ့တဲ့ အမ်းမြို့ နပခနဲ့ ရခိုင်ပြည်နယ်မှာတော့ စစ်ကောင်စီတပ်က စစ်ရေးအရ ဆက်လက်အရေးနိမ့်နေပေမယ့် ရှမ်းမြောက်ဒေသမှာ တိုက်ခိုက်နေသလို နေပြည်တော်က စစ်ဗိုလ်ချုပ်ကြီးတွေတဦးမှ စစ်မြေပြင်ဆင်းတိုက်တာမတွေ့ရတဲ့ အခြေအနေတွေကို တင်ဆက်ပေးထားပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။