သက်ပိုင်အောင်ရဲ့ပွဲဦးထွက် ဒုတိယအချီအလဲထိုးနဲ့ ရှုံးနိမ့် (အားကစားသတင်း)

0 3
0 3

မြေလတ်အသံ၊ မတ် ၇၊ ၂၀၂၅။

မတ် ၇ ရက် ဒီနေ့ညမှာယှဉ်ပြိုင်နေတဲ့ One Friday Fights 99 ပြိုင်ပွဲမှာ သက်ပိုင်အောင်ဟာ ပြိုင်ဘက်ဂျပန်ကစားသမား တာနီစု ကို ဒုတိယအချီမှာ အလဲထိုးနဲ့ရှုံးနိမ့်ခဲ့ပါတယ်။ 

ကစားသမားနှစ်ယောက်ဟာ အရပ်နဲ့လက်တံကွာဟတာတွေ့ရပြီး ပထမအချီမှာ ခြေကန်ချက်တွေနဲ့စခဲ့ကြပါတယ်။ သက်ပိုင်အောင်က သူပိုင်နိုင်တဲ့တွဲလုံးတွေနဲ့ ဝင်ခဲ့ပြီး တာနီစုကတော့ ခြေကန်ချက်နဲ့ ညာဖြောင့်လက်သီးကို အသုံးပြုပြီးတုံ့ပြန်ပါတယ်။ သက်ပိုင်အောင်ဟာ ပြည်တွင်းပွဲတွေမှာလို စောင့်မကစားဘဲ လိုက်ကစားခဲ့တာကြောင့် ပွဲဟာလှုပ်ရှားနေခဲ့ပါတယ်။ သက်ပိုင်အောင်ရဲ့ အမြင့်ကန်ချက်ကောင်းမွန်ခဲ့ပြီး ပထမအချီရဲ့နောက်ပိုင်းအချိန်တွေမှာ တွဲလုံးတွေ အပြန်အလှန်ထိုးသတ်ရင်း ပြီးဆုံးခဲ့ပါတယ်။ 

ဒုတိယအချီအစမှာပဲ သက်ပိုင်အောင်ဟာ ဘယ်ညာတွဲလုံးတွေဆက်တိုက်ဝင်ခဲ့တာကြောင် တာနီစုလည်း အပြန်အလှန် ထိုးခဲ့ပါတယ်။ တာနီစုရဲ့နင်းခြေဖမ်းဆွဲပြီး ထိုးခံရလို့ သွေးဆူသွားပြီး ပြန်လိုက်ခဲ့တာကြောင့် အပြန်အလှန် ထိုးသတ်ခဲ့ကြပါတယ်။ တာနီစုရဲ့ ဘော်ဒီဖြိုချက်တွေ ညာဖြောင့်လက်သီးချက်တွေဟာ သက်ပိုင်အောင်ရဲ့သက်လုံကိုကျသွားစေပြီး အချိန်ကြာလာတာနဲ့အမျှ ပွဲဟာ တာနီစုရဲ့စိတ်ကြိုက်လိုဖြစ်သွားပါတယ်။ သက်ပိုင်အောင်ဟာ ပထမအကြိမ်လဲကျခဲ့ပေမယ့် အမှတ်စဉ်မရေတွက်ဘဲ ပြန်လွှတ်ပေးလိုက်တာကလည်း တာနီစုအတွက် အားသာချက်ဖြစ်သွားပြီး ကျနေတဲ့ သက်ပိုင်အောင်ကို ဆက်တိုက်ထိုးသတ်ပြီး အလဲထိုးနဲ့အနိုင်ယူသွားခဲ့ပါတယ်။

သက်ပိုင်အောင်အတွက် ဒီပွဲဟာ One မှာပါဝင်ယှဉ်ပြိုင်ခွင့်ရတဲ့ ပထဆုံးပွဲဖြစ်ပြီး ထိုးပုံထိုးပေါက် မစုံလင်သေးတဲ့ တာနီစု ကိုရှုံးနိမ့်ခဲ့တာဟာ နောက်ပွဲတွေအတွက်ပြင်ဆင်ဖို့အတွက် အချက်ပေးခေါင်းလောင်းသံပဲ ဖြစ်ပါတယ်။ 

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။