⁩ ⁨ချောင်းဦးပလဖ ဖမ်းဆီးစစ်ဆေးပြီးနောက် ပျံလွန်သွားတဲ့ ဆရာတော်ကို အကြောင်းပြုပြီး စစ်တပ်ထိုးစစ်ဆင်

0 0
0 0

■ စစ်တပ်အင်အား ၃၀၀ ကျော်နဲ့စစ်ကြောင်းထိုးလာလို့ ဒေသခံ ၇၀၀၀ ကျော်ထွက်ပြေးနေရ

ချောင်းဦး၊ ဩဂုတ် ၃၁၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် ပလဖ က ရွှေဒါးကျကျေးရွာ ဆရာတော်ကို ဖမ်းဆီးခေါ်ယူစစ်ဆေးပြီး ဩဂုတ်လ ၂၅ ရက်နေ့က ပျံလွန်တော်မူသွားတာကို အကြောင်းပြုပြီး အာဏာသိမ်းစစ်တပ်က အဲဒီဒေသကို စစ်အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်လာကြောင်း သိရပါတယ်။

ရွှေဒါးကျကျေးရွာဆရာတော် ပျံလွန်တော်မူသွားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး စစ်တပ်ထောက်ခံတဲ့ ချန်နယ်တွေမှာ နယ်မြေရှင်းလင်းရေးလုပ်ဆောင်ဖို့ နေ့စဥ်နီးပါး ရေးတင်လာကြတာတွေရှိလာလို့ အခုလို ထိုးစစ်ဆင်လာတာ ဖြစ်နိုင်ကြောင်း ချောင်းဦးမြို့နယ် ပကဖတာဝန်ရှိသူတဦးက ပြောပါတယ်။

“အဓိက ကတော့ အဲဒီပြဿနာကို ယူပြီးတော့ စကစ လော်ဘီချန်နယ်တွေကနေ တင်တဲ့အခါကျတော့ စစ်ကြောင်းထိုးလာတာလို့ ယူဆတယ်။ ရွှေဒါးကျကိုတော့ မရောက်သေးဘူး။ မနေ့က ဒရုန်းနဲ့ချလို့ ပြည်သူတယောက် ဒဏ်ရာရထားတယ်။ ဒေသခံတွေကတော့ ရှောင်ရတယ်”လို့ ချောင်းဦးမြို့နယ် ပကဖ တာဝန်ရှိတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၂၈ ရက်နေ့က စတင်ကာ မုံရွာမြို့ဘက်ကနေ စစ်တပ်အင်အား ၃၀၀ ကျော်ဟာ ချောင်းဦးမြို့နယ်ကို စစ်ကြောင်းထိုးလာရာ ဩဂုတ်လ ၂၉ ရက်နေ့မှာ ကျီးကုန်းကျေးရွာထိရောက်လာပြီး ဒီကနေ့မနက်ထိ တပ်စွဲထားကာ အနီးဝန်းကျင်ရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေလို့ ဒေသခံ ၇၀၀၀ ကျော်ထွက်ပြေးနေရတယ်လို့ သူက ဆက်ပြောပါတယ်။

စစ်တပ်စစ်ကြောင်းက ဒရုန်းလက်နက်ကြီးကြောင့် ရွှေဒါးကျကျေးရွာက ပြည်သူတဦး ဒဏ်ရာရထားပြီး ထိခိုက်သူနဲ့ ပတ်သက်တဲ့ အခြေနေကိုတော့ စစ်ရေးအခြေနေအရ သေချာမစုံစမ်းနိုင်သေးဘူးလို့ ဆိုပါတယ်။

စစ်ကြောင်းဝင်လာတဲ့လမ်းမှာ ထိတွေ့တိုက်ပွဲအချို့ဖြစ်ပွားထားတာ ရှိပေမယ့် အသေးစိတ် အခြေနေကိုတော့ လတ်တလော ထုတ်ပြောလို့ မရသေးဘူးလို့ ဆိုပါတယ်။

စစ်ကြောင်းဝင်လာလို့ အိမ်ခြေ ၂၀၀ ကနေ ၅၀၀ ခန့်ထိရှိတဲ့ မုံရွာမြို့နယ်၊ ချောင်းဆုံ၊ သစ်ဆိပ်၊ ချောင်းဦးမြို့နယ် ရွှေဒါးကျ၊ ချောင်းပဒေါက်၊ ထန်းတောကြီး၊ ဗုံတို၊ ညောင်ပင်လှ၊ ကျီကုန်းအရှေ့နဲ့ ကျီကုန်းအနောက်အပါအဝင် ကျေးရွာ ၁၀ ရွာကျော်က လူဦးရေ ၇၀၀၀ ဝန်းကျင်ဟာ ဘေးလွတ်ရာကျေးရွာတွေကိုထွက်ပြေးတိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။

ပျံလွန်တော်မူသွားတဲ့ ဆရာတော်နဲ့အတူ ဖမ်းဆီးခံထားရတဲ့ အမျိုးသမီး ၁ ဦးနဲ့အမျိုးသား ၅ ဦးဟာ ဩဂုတ်လ ၃၁ ရက် ဒီကနေ့အထိတော့ ပြန်လွတ်လာတာမရှိသေးဘူးလို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။