myaelatt athan

Sharing Information to the Local

⁨၃ ပတ်ကြာတိုက်ခိုက်ပြီးနောက် သိမ်းပိုက်နိုင်ခဲ့တဲ့ ကန့်ဒေါင့်ရဲစခန်းကို နယ်မြေရှင်းလင်း (ရုပ်/သံ)

0
0

မြေလတ်အသံ၊ ဇွန် ၂၀၊ ၂၀၂၅ ။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်နယ်မြေရဲစခန်းကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဇွန် ၁၉ ရက် ယမန်နေ့မနက်ပိုင်းမှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ကျော်သေဆုံးတယ်လို့ PLA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ဇွန် ၂ ရက်က စတင်တိုက်ခိုက်ခဲ့တဲ့ အဆိုပါရဲစခန်းသိမ်းတိုက်ပွဲကို ၃ ပတ်နီးပါးကြာတိုက်ခိုက်ခဲ့ရပြီး စစ်ကောင်စီတပ်က လက်နက်ကြီး၊ လေကြောင်းအများအပြားပစ်ကူပေးမှုအပြင် မြေပြင်စစ်ကူတွေ ပို့ဆောင်တိုက်ခိုက်ခဲ့တဲ့ကြားက သိမ်းပိုက်နိုင်ခဲ့တာပါ။

နယ်မြေရှင်းလင်းမှုတွေ လုပ်ဆောင်စဥ် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပုပ်ပွနေတဲ့ ရုပ်အလောင်းအများအပြားတွေ့ရှိခဲ့ရကာ အရှင်ဖမ်းဆီးရမိသူတွေလည်းရှိသလို လက်နက်ခဲယမ်းတွေနဲ့ ဂျန်မာအပါအဝင် စစ်အသုံးအဆောင်ပစ္စည်းအများအပြားရရှိခဲ့ပြီး စခန်းသိမ်းပြီးနောက် နယ်မြေရှင်းလင်းရေးလုပ်နေတဲ့ မြင်ကွင်းတွေကို ဒီရုပ်သံမှတ်တမ်းမှာ မြင်တွေ့ရမှာဖြစ်ပါတယ်။

တည်းဖြတ် – M

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။