ပေါက်ကစစ်ရှောင်အိမ်ထောင်စု ၁၀၀ ကျော်ကို ဆန်ထောက်ပံ့ (ရုပ်/သံ)

0 5
0 5

ပေါက်၊ မေ ၂၄၊ ၂၀၂၅။

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ချောင်းနားရွာက စစ်ရှောင်အိမ်ထောင်စု ၁၀၅ စုကို မေ ၂၂ ရက်မှာ ဆန်တွေထောက်ပံ့ပေးခဲ့တယ်လို့ ပေါက်မြို့လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနဆီက သိရပါတယ်။

အိမ်ထောင်စု ၁၀၅ စုရှိ လူဦးရေ ၃၄၅ ဦးအတွက် ၁ ဦးကို ဆန် ၇ ပြည်နှုန်းထောက်ပံ့ပေးခဲ့တာလို့ ဆိုပါတယ်။

အခုထောက်ပံ့ပေးခဲ့တာဟာ ၂၀၂၂ ခုနှစ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မီးရှို့ဖျက်ဆီးမှုတွေလုပ်ခဲ့တဲ့ ပေါက်မြို့နယ်၊ ချောင်းနားရွာသစ်နဲ့ ရွာဟောင်းက ထွက်ပြေးလာသူတွေဖြစ်တယ်လို့ ပေါက်မြို့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန တာဝန်ရှိသူတဦး က ပြောပါတယ်။

“ရွာဟောင်းမှာရှိတဲ့ အိမ် ၁၄၀ လောက် မီးရှို့ခံလိုက်ရတယ်၊ နောက်ထပ်ရွာသစ်မှာကျတော့ မီးရှို့တော့ မခံရဘူး၊ နေအိမ်တွေ ဖျက်ဆီးယူခံရတယ်၊ ကျနော်တို့ ဌာနအနေနဲ့ မီးဘေးသင့်အိမ်ထောင်စုတွေကို ငွေကြေးထောက်ပံ့ပေးပေမဲ့ တခြားရွာဟောင်းမှာရှိတဲ့ မီးရှို့ခံရတဲ့ အိမ်တွေဖျက်ဆီးခံရတဲ့ အိမ်အရေအတွက်တွေကျတော့ ကိုင်းလယ်ရဲစခန်းနဲ့ တပ်ကုန်းပျူစောထီးရွာ အကြားမှာရှိနေတဲ့အတွက် ပျက်စီးဆုံးရှုံးမှုကို မရေတွက်နိုင်ဘူး၊ နေရပ်စွန့်ခွာသူတွေကိုသာ ပေးနိုင်ခဲ့တယ်”လို့ ဆိုပါတယ်။

လက်ရှိမှာတော့ အထက်ပါကျေးရွာတွေအပါအဝင် ပေါက်မြို့နယ်ရှိ ကျေးရွာ ၄၀ က အိမ်ထောင်စု ၂၆၀၀ စု၊ လူဦးရေ ၁၇,၀၀၀ နေရပ်ကရှောင်တိမ်းနေကြတယ်လို့ သိရပါတယ်။

စာတည်း – လင်း၊ တည်းဖြတ် – M

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။