အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးကောင်းမွန်အောင် ဆောင်ရွက်မယ်လို့ တပ်ချုပ်အသစ်ပြော (ရုပ်/သံ)

0 4
0 4

မြေလတ်အသံ၊ မတ် ၃၀၊ ၂၀၂၃ ။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကာကွယ်ရေးဦးစီးချုပ်ရာထူးအနေ အနားယူသွားပြီး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ကို တပ်ချုပ်အသစ်အဖြစ် ဒီကနေ့ မတ်လ ၃၀ ရက် မနက်ပိုင်းမှာပဲ လွှဲပြောင်းပေးလိုက်ပါတယ်။

ဒီကနေ့မနက်ပိုင်း နေပြည်တော်စစ်ရုံးမှာ တပ်ချုပ်လွှဲပြောင်းမှုကို စစ်ရေးပြအခမ်းအနားနဲ့ပြုလုပ်ခဲ့ပြီး အခမ်းအနားမှာ တပ်ချုပ်အဆောင်အယောင် ရွှေဓားနဲ့ အလံတော်၊ တပ်ချုပ်တံဆိပ်တွေကို ဗိုလ်ချုပ်ကြီးရဲဝင်းဦးထံပေးအပ်ခဲ့ပြီး တပ်ချုပ်ဟောင်း မင်းအောင်လှိုင် ရော တပ်ချုပ်အသစ် ရဲဝင်းဦးပါ မိန့်ခွန်းပြောခဲ့တယ်လို့ စစ်တပ်ပိုင် မြဝတီသတင်းရုပ်သံက ထုတ်ပြန်လာပါတယ်။

အဆိုပါမိန့်ခွန်းမှာ ၎င်းက” မိမိအနေဖြင့် ခေတ်မီတပ်မတော်ဖြစ်အောင် ရည်မှန်းချက်ထား ဆောင်ရွက်မည်ဖြစ်ကြောင်း၊ တို့တာဝန်အရေး ၃ ပါးကို ဆက်လက်ထိန်းသိမ်း ကာကွယ်သွားမည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်သွားမှာဖြစ်ကြောင်း၊ ဒီမိုကရေစီလမ်းကြောင်းကို ဆက်လက်လျှောက်လှမ်းနိုင်ရေး ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ရေးတွင် အပြည့်အဝပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ အရပ်ဘက်စစ်ဘက်ဆက်ဆံရေး တိုးတက်ကောင်းမွန်စေရန် ဆောင်ရွက်သွားမှာဖြစ်ကြောင်း နဲ့ တပ်မတော်ရဲ့ ကောင်းမြတ်တဲ့အစဉ်အလာကို ဆက်လက်ထိန်းသိမ်းသွားမှာဖြစ်ကြောင်း” ထည့်သွင်းပြောဆိုသွားပါတယ်။

တပ်ချုပ်ရာထူးအပြင် ဒုတပ်ချုပ်နဲ့ ညှိကွပ်ရာထူးနေရာတွေပါ အပြောင်းအလဲဖြစ်ခဲ့ပြီး ဒုတပ်ချုပ်အ ဖြစ် ယခင် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း/ရေ/လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းဖြစ်လာခဲ့ပြီး လစ်လပ်သွားတဲ့ ညှိကွပ်နေရာမှာ ယခင်ကစထ ၅ မှူး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး ကို ခန့်အပ်လိုက်ပါတယ်။

တပ်ချုပ်လွှဲပြောင်းပြီးတချိန်တည်းမှာပဲ စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေအဆိုပြုတင်သွင်းတဲ့ ဒုသမ္မတလောင်းအမည်စာရင်းမှာ ပါဝင်လာခဲ့ပါတယ်။

ဒုတပ်ချုပ်ကနေ အနားယူသွားတဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကတော့ စစ်ကော်မရှင်က ပြဌာန််းထားတဲ့ အတိုင်ပင်ခံကောင်စီမှာ “ဥက္ကဌ” ဖြစ်လာနိုင်မယ်လို့ စစ်ရေးအကဲခတ်တချို့က ခန့်မှန်းကြပါတယ်။

တပ်ချုပ်အသစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ဟာ ဗိုလ်သင်တန်း(OTS) အမှတ်စဥ် ၇၇ ဆင်းဖြစ်ပြီး စစ်အာဏာသိမ်းချိန်မှာ စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် (စရခချုပ်)၊ စစ်အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်တွေမှာ တွဲဖက်အတွင်းရေးမှူးရာထူးတွေရရှိခဲ့ပြီး စစ်ခေါင်းဆောင်ရဲ့ အထူးယုံကြည်မှုရရှိ ခဲ့တာပါ။

၂၀၂၄ မှာ ဗိုလ်ချုပ်ကြီးအဆင့်တိုးမြှင့်ရရှိပြီးနောက် ဒုတပ်ချုပ်က ပူးတွဲတာဝန်ယူရတဲ့ ကာ ကွယ်ရေးဦးစီးချုပ်(ကြည်း) ရာထူး ထပ်မံရရှိခဲ့ကာ မူလက တပ်ချုပ်နေရာအတွက် ရေပန်းစားခဲ့တဲ့ ဗိုလ်ချုပ်ကြီး ကျော်စွာလင်းကို ကျော်ဖြတ်ပြီး တပ်ချုပ်အသစ်ဖြစ်လာတာလည်း ဖြစ်ပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။