ကာကွယ်ရေးအဖွဲ့ နယ်မြေထဲဝင်လာတဲ့ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး သေဆုံးထိခိုက်သူ များပြားဟုဆို (ရုပ်/သံ)

0 1
0 1

မကွေး၊ ဇန်နဝါရီ ၃၀၊ ၂၀၂၅။

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့၊ သရက်ချဉ်ကျေးရွာမှာ ‌ကာကွယ်ရေးအဖွဲ့တွေရဲ့ နယ်မြေထဲဝင်လာတဲ့ စစ်ကောင်စီစစ်ကြောင်း ၂ ရက်တာ တိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်က သေဆုံးသူတွေနဲ့ ဒဏ်ရာရသူ များပြားတယ်လို့ ဒေါင်းစစ်အောင် Local PDF ထံက သိရပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ ခလရ ၂၅၃၊ ခလရ ၂၅၄၊ ခလရ ၂၅၅ တပ်က စစ်သားတွေဖြစ်ကာ ဇန်နဝါရီ ၂၈ ရက်က အင်အား ၂၀၀ ဝန်းကျင်နဲ့ စလင်းကနေ စစ်ကြောင်းထွက်လာကာ မိုးဝန်းကျေးရွာနဲ့ သာစည်ကျေးရွာကြားမှာ မိုင်းဆွဲခံခဲ့ရလို့ ၄ ဦးသေဆုံးတယ်လို့ ‌သိရပါတယ်။

အလားတူ အဆိုပါစစ်ကြောင်းဟာ ဇန်နဝါရီ ၂၉ ရက်မှာလည်း ဆင်ဖြူကျွန်းမြို့ သမြင်းကင်းရွာနဲ့ ကျောင်းကုန်းရွာဘက်ကို ဦးတည်လာပြီး သရက်ချဉ်ကျေးရွာနဲ့ ကျောင်းကုန်းရွာကြားမှာ မနက် ၈ နာရီ ၁၅ မိနစ်ဝန်းကျင်ကစပြီး ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ၁ နာရီကြာ ထိတွေ့တိုက်ပွဲဖြစ်ကာ စစ်ကောင်စီဘက်က သေဆုံးထိခိုက်မှုတွေရှိတယ်လို့ တာဝန်ခံ ကိုထူးလေးက ပြောပါတယ်။

ကာကွယ်ရေးတပ်ဖွဲ့တွေ ပြောဆိုချက်အရ ၂ ရက်တာ တိုက်ပွဲမှာ စစ်ကောင်စီဘက်က ခန့်မှန်းခြေ ၁၀ ဦးသေဆုံးပြီး ဒဏ်ရာရသူတွေလည်း အများအပြားရှိတယ်လို့ ဆိုပါတယ်။ လက်ရှိ ဇန်နဝါရီ ၃၀ ရက်နေ့အထိ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့၊ သရက်ချဉ်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ နှစ်ဘက် ဆိုင်ထားနေဆဲလို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို ဒေါင်းစစ်အောင် Local PDF၊ မင်းဘူးခရိုင်လက်ရုံးအဖွဲ့၊ မကွေးတိုင်း ဒရုန်းတပ်ဖွဲ့၊ မင်းဘူးခရိုင် တပ်ရင်း ၅ ဒရုန်းတပ်ဖွဲ့၊ မင်းဘူးခရိုင်တပ်ရင်း ၁ ၊မင်းဘူးခရိုင်တပ်ရင်း ၅၊ ဗမာ့တပ်တော်အဖွဲ့၊ မင်းဘူးခရိုင် စလင်းမြို့နယ် (ပကဖ)အဖွဲ့နဲ့ အခြားမဟာမိတ်တပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

တည်းဖြတ် – HP

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။