မြောက်ယမားချောင်းကို ပြည်သူတွေနဲ့ ကာကွယ်ရေးအဖွဲ့တွေ သွားလာဖို့လွယ်ကူအောင် ကျောက်လမ်းခင်း (ရုပ်/သံ)

0 1
0 1

မြေလတ်အသံ၊ ဇန်နဝါရီ ၃၁၊ ၂၀၂၅။

ယင်းမာပင်မြို့နယ် ကျေးရွာ ၁၅ ရွာလောက်ကပြည်သူတွေ သွားလာရအဆင်ပြေအောင် ယင်းမာပင်ခရိုင်တပ်ရင်းတခုက မြောက်ယမားချောင်းကူး ကျောက်ခင်းလမ်းကို ခင်းပေးခဲ့ပါတယ်။

အဲ့ဒီလမ်းဟာ ရေစီးနေတဲ့မြောက်ယမားချောင်းကို ကျောက်လုံးကြီးတွေခင်းပြီး ရေလည်းစီးနိုင်အောင် ယာဥ်ကြီးယာဥ်ငယ်တွေလည်းဖြတ်သွားလို့ရအောင် လမ်းခင်းထားတာတွေ့ရပါတယ်။

အခုခင်းလိုက်တဲ့လမ်းကို ကျေးရွာ ၁၅ ရွာက ပြည်သူတွေစစ်ဘေးရှောင်ဖို့ အဓိကထားအသုံးပြုနေတာဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၃ ခုနှစ်အတွင်းမှာ စတင်အသုံးပြုခဲ့ကြတာဖြစ်ပါတယ်။

အဲ့ဒီဒေသမှာ မြောက်ယမားချောင်းကို ကူးလို့ရတဲ့ တံတားတစင်းရှိထားပေမယ့် အလှမ်းဝေးသလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိနေတာကြောင့် သွားလာရမလွယ်ကူဘူးလို့ ဆိုပါတယ်။

ပုသိမ် – မုံရွာလမ်းမှာ စစ်ကောင်စီစစ်ကြောင်းထိုးလာရင် အခုခင်းထားတဲ့ကျောက်ခင်း ရေကျော်လမ်းကို အဓိကထားအသုံးပြုရပြီး လက်ရှိအဲ့ဒီဒေသအတွက် အဖက်ဖက်ကအရေးပါတဲ့ လမ်းတခုဖြစ်တယ်လို့ ပြောပါတယ်။

ဒီလမ်းကို ဖောက်လုပ်အသုံးပြုလာတာ ၂ နှစ်လောက်ရှိခဲ့ပြီးဖြစ်ကာ မိုးတွင်းရေကြီးရေလျှံချိန် ရေစီးကြောင့်လမ်းပျက်စီးသလို ထော်လာဂျီအပါအဝင် အလေးချိန်များတဲ့ ယာဉ်တွေဖြတ်သန်းမှုကြောင့်လည်း နှစ်စဥ်လမ်းပြန်ပြင်ရတာတွေ ရှိပါတယ်။

အခုတကြိမ်ပြင်ဆင်ချိန်မှာ ကာကွယ်တပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူတွေရဲ့ပူးပေါင်းကူညီမှုကြောင့် လုပ်အားစရိတ်မကုန်ကျပေမယ့် လမ်းခင်းတဲ့ ကျောက်ဖိုး သိန်း ၄၀ လောက်ကုန်ကျခဲ့တယ်လို့ ဆိုပါတယ်။

ကုန်ကျစရိတ်အားလုံးကို ယင်းမာပင်ခရိုင်၊ တပ်ရင်းအမှတ် ၃၀ ADPRA တပ်ခွဲ ၂ Black Shadow PDF က မတည်ပြီး ဆားလင်းကြီးတောသားကြီး ကာကွယ်ရေးတပ်ဖွဲ့နဲ့ ယင်းမာပင်ခရိုင်အတွင်းက ပကဖ၊ ပလဖ နဲ့ ကျေးရွာပြည်သူတွေပူးပေါင်းကာ၂ ရက်တာ ပြင်ဆင်ခဲ့ကြတာဖြစ်ပါတယ်။

စာတည်း – ဈာန်မြင့်၊ တည်းဖြတ် – ငြိမ်းဇော်

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။