ဝက်လက်က ကိုယ်ထူကိုယ်ထကျောင်းတခုအတွက် စာရေးကိရိယာနဲ့ ငွေကြေးထောက်ပံ့(ရုပ်/သံ)

0 1
0 1

စစ်ကိုင်း၊ ဖေဖော်ဝါရီ ၁၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်းမှာ ရွှေဘိုခရိုင်တပ်ရင်း ၁၅ က ဦးဆောင်ကာ ကိုယ်ထူကိုယ်ထ ဖွင့်လှစ်ထားတဲ့စာသင်ကျောင်းက ဆရာမတွေနဲ့ ကျောင်းသားတွေကို အလှူရှင်တွေကိုယ်စား စာရေးကိရိယာနဲ့ ငွေကြေးထောက်ပံ့ပေးခဲ့တယ်လို့ ရွှေဘိုခရိုင်တပ်ရင်း ၁၅ ဆီကသိရပါတယ်။

အဲ့ဒီကျောင်းက ကျောင်းသား၊ ကျောင်းသူ ၄၅ ဦးအတွက် ဗလာစာအုပ် ၁ ဒါဇင်၊ ခဲတံ ၄ ချောင်းစီနဲ့ ဆရာမ ၃ ဦး၊ ဆရာ ၁ ဦး စုစုပေါင်း ၄ ဦးအတွက် ငွေကျပ် ၁ သိန်းစီကို အလှူရှင် ၂ ဦးရဲ့ကိုယ်စားလှူဒါန်းခဲ့တာလို့ ရွှေဘိုခရိုင်တပ်ရင်း ၁၅ တပ်ရင်းမှူး ဗိုလ်ကောက်ရိုးက ပြောပါတယ်။

အလှူရှင်မရှိတဲ့လတွေမှာ ကျောင်းသားကျောင်းသူတွေအတွက်လိုအပ်တဲ့ ဗလာစာအုပ်၊ သင်ရိုးစာအုပ်၊ စာရေးကိရိယာနဲ့ ကျောပိုးအိတ် စတာတွေကို တပ်ရင်းရန်ပုံငွေထဲ ဝယ်ယူထောက်ပံ့ပေးတယ်လို့ ဆက်ပြောပါတယ်။

ဒါ့အပြင် ဆရာ ဆရာမ ၄ ဦးကိုလည်း လစဥ် ကျောင်းသားမိဘတွေက ၁ လကို ငွေကျပ် ၄ သောင်းစီ ထောက်ပံ့ပေးတယ်လို့ ဆိုပါတယ်။

အဲဒီစာသင်ကျောင်းဟာ ၂၀၁၈ ခုနှစ်က ဗိုလ်ကြီး နေမျိုးဇင်လှူဒါန်းခဲ့တဲ့ ကိုယ်ထူကိုယ်ထကျောင်းဖြစ်ပြီး အာဏာသိမ်းချိန်အစပိုင်းမှာ ဖွင့်လှစ်နိုင်ခဲ့ခြင်းမရှိဘဲ ၂၀၂၃ ဖေဖော်ဝါရီ ၁၃ ရက်မှာ ရွှေဘိုခရိုင်တပ်ရင်း ၁၅ က ဦးဆောင်ကာ ပြန်လည်ဖွင့်လှစ်ခဲ့တာလို့ ဆိုပါတယ်။

တည်းဖြတ် – HP

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။