ဆားလင်းကြီး၊ သြဂုတ် ၁၁၊ ၂၀၂၅။
မကွေးတိုင်း၊ ဆားလင်းကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီ စစ်မှုထမ်းသင်တန်းဆင်းတပ်သား ၇ ဦး ဘက်ပြောင်းခိုလှုံလာတယ်လို့ တပ်ဖွဲ့တာဝန်ရှိသူဆီက သိရပါတယ်။
အဆိုပါစစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးဟာ MA1 သေနတ် ၂ လက်၊ ကျည် ၃၀၀၊ လက်ပစ်ဗုံး ၃ လုံး၊ နင်းမိုင်း ၂ လုံးတို့နဲ့အတူ ဘက်ပြောင်းခိုလှုံလာတယ်လို့ သိရပါတယ်။
ဘက်ပြောင်းခိုလှုံသူတွေဟာ အမှတ် ၉၂၉ ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ရင်း (ထပရ ၉၂၉) (မုံရွာ)မှ ၆ ဦး၊ အမှတ် ၉၁၀ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း (စအရ ၉၁၀) (မန္တလေး) မှ ၁ ဦး၊ စုစုပေါင်း ၇ ဦး ဖြစ်ပြီး အသက် ၂၀ အရွယ်ကနေ ၂၉ ကျော်အရွယ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ဘက်ပြောင်းလာသူ ၇ ဦးဟာ ရန်ကုန်တိုင်းနဲ့ မကွေးတိုင်းတွေကနေ ဖမ်းဆီးခံခဲ့ရသူတွေဖြစ်ပြီး သူတို့ကို ဩဂုတ် ၁၀ ရက် မနေ့က အခမ်းအနားကျင်းပကာ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က လက်နက်ပါသူ ၁ ဦးကို ကျပ်သိန်း ၅၀ ကျပ်၊ လက်နက်မပါသူ ၁ ဦးကို ၅သိန်းကျပ် ပေးအပ်ခဲ့တယ်လို့လည်း သိရပါတယ်။
စာတည်း – မြတ်