myaelatt athan

Sharing Information to the Local

မုံရွာမှာ ၈၈၈၈ လူထုအရေးတော်ပုံအထိမ်းအမှတ် ထီးသပိတ်ပြုလုပ် (ရုပ်/သံ)

0 12
0 12

မုံရွာ၊ ဩဂုတ် ၈၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ ၃၇ နှစ်ပြည့် ၈၈၈၈ လူထုအရေးတော်ပုံ အထိမ်းအမှတ်အဖြစ် ထီးသပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ မုံရွာ-အမြင့်လမ်းသပိတ်ဦးဆောင်ကော်မတီရဲ့ ထုတ်ပြန်ချက် အရသိရပါတယ်။

ဩဂုတ်လ ၈ ရက်ဒီမနက်ပိုင်းမှာ မုံရွာမြို့နယ်တနေရာမှာ မုံရွာ-အမြင့်လမ်း သပိတ်ဦးဆောင်ကော်မတီ ဦးဆောင်မှုနဲ့ တက်ကြွလှုပ်ရှားတဲ့လူငယ်တွေစုပေါင်းကာ ထီးသပိတ်ကိုပြုလုပ်ခဲ့တာလို့ သိရပါတယ်။

အလားတူ နောက်ထပ် မုံရွာမြို့နယ်အတွင်းတ‌ နေရာမှာလည်း လူငယ်တွေနဲ့ပူးပေါင်းပြီးတော့လည်း ၈၈၈၈ အရေးတော်ပုံလှုပ်ရှားမှုပြုလုပ်ခဲ့တယ် လို့ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီမှ တာ၀န်ရှိသူတဦးကပြောပါတယ်။

ဒီနေ့မနက်ပိုင်းကစတင်ကာ စစ်ကောင်စီတပ်စွဲထားတဲ့ ဗောဓိတစ်ထောင်အပါအဝင် မုံရွာ – မန္တလေး လမ်းမကြီးပေါ်နဲ့ မုံရွာမုခ်ဦးရှေ့စတဲ့နေရာတွေမှာ ထီးသပိတ်အပါအဝင် ၈ အက္ခရာပါတဲ့ ဘောလုံးအင်္ကျီတွေဝတ်ဆင်ပြီး ၈၈၈၈ (Global Movement) ထီးသပိတ် လှုပ်ရှားမှုကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။