ရွာကိုမီးရှို့တဲ့စစ်ကြောင်းကို တိုက်ခိုက်ပြီး လက်နက်ပစ္စည်းတွေ သိမ်းဆည်း (ရုပ်/သံ)

0 46
0 46

မြေလတ်အသံ၊ ဇူလိုင် ၂၄၊ ၂၀၂၅။

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ကြို့ကိုးပင်ရွာကိုမီးရှို့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ သေဆုံးမှုတွေရှိပြီး စစ်အသုံးအဆောင်ပစ္စည်းတွေကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

စစ်အင်အား ၁၀၀ ခန့်နဲ့ ကျေးရွာအတွင်းဝင်ရောက်တပ်စွဲထားချိန် ဇူလိုင် ၂၂ ရက် ည ၈နာရီမှာ ၁ ကြိမ်၊ ဇူလိုင်၂၃ ရက် မနက် ၅ နာရီမှာ ၁ ကြိမ် ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

“ည ၈ နာရီလောက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေ လက်နက်ကြီးနဲ့သွားပစ်ကြသေးတယ် မအောင်မြင်ခဲ့ဘူး။ မနက် ၅ နာရီလောက်မှာ ဒုတိယအကြိမ်သွားပြီးတိုက်ခိုက်ရာမှာ **အကောင် ၂၀ ကျော်ကျတယ်”လို့ သူကပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က စစ်ကူတွေရောက်ရှိလာပြီးနောက် သေဆုံး၊ ဒဏ်ရာရတွေကို သယ်ထုတ်ထွက်ခွာသွားတဲ့အတွက် တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ စစ်ကောင်စီတပ်စွဲခဲ့တဲ့နေရာကို ဝင်ရောက်နိုင်ခဲ့တယ်လို့ အထက်ပါတာဝန်ရှိသူကဆိုပါတယ်။

စစ်ကောင်စီတပ်တွေတပ်စွဲခဲ့တဲ့ ကျေးရွာအတွင်းရှိ တိုက်အိမ်နေရာက စစ်ယူနီဖောင်းတွေ၊ ဆိုင်ကယ်တွေ၊ ဖုန်းတွေ၊ အီနာဂါ ၂ လုံး၊ G 3 ၁ လက်၊ လက်ပစ်ဗုံး ၁ လုံး၊ ၆၀ သီး ၁ လုံးတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သူကပြောပါတယ်။

ဒီတိုက်ခိုက်မှုကို သာယာဝတီခရိုင်ပကဖ၊ အမှတ်(၁)တိုက်ခိုက်ရေးတပ်ဖွဲ့၊ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မိုးညိုပြည်သူ့ကာကွယ်ရေးအဖွဲ့၊ သာယာဝတီခရိုင် ၃၈၀၁ တပ်ခွဲ(၅)၊ ဇီးကုန်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီတပ်က အိမ်ခြေ ၃၀၀ ခန့်ရှိတဲ့ကြို့ကိုးပင်ကျေးရွာမှာ ဇူလိုင် ၂၁ ရက်ကစကာ ၂၃ ရက်မနက်ပိုင်းအချိန်အထိ တပ်စွဲနေခဲ့ရာ လူနေအိမ် ၆ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ပျက်စီးနေအိမ်တွေကို မှတ်တမ်းသွားယူခဲ့တဲ့ တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

တည်းဖြတ် – M

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။