ဆင်ဖြူကျွန်းမှာ စစ်ကောင်စီက တင့်ကားတွေအပါ အင်အားရာကျော်နဲ့ တပ်ဖြန့်ထား

0 40
0 40

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့၊ သရက်ချဉ်ကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက တင့်ကားတွေအပါအဝင် အင်အားအလုံးအရင်းနဲ့ တပ်ဖြန့်ထားတယ်လို့ ဆင်ဖြူကျွန်းမြို့ခံတွေဆီက သိရပါတယ်။

မတ် ၇ ရက် မနေ့မနက် ၁၀ နာရီခန့်မှာ စစ်ကား ၁၀ စီး၊ တင့်ကား ၅ စီး၊ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၃၀၀ ကျော်နဲ့ တပ်ဖြန့်ထားတာဖြစ်ပြီး အဲ့ဒီတပ်ဖွဲ့ဝင်တွေဟာ ပခုက္ကူအခြေစိုက် တပ်မ ၁၀၁၊ စလင်းမြို့နယ်အခြေစိုက် ခလရ ၂၅၃၊ ၂၅၄ နဲ့ ၂၅၅ ကဖြစ်တယ်လို့ ဆိုပါတယ်။

“သရက်ချဉ် ဘုန်းကြီးကျောင်းကနေ ရမ်းဘိုကုန်းရွာထိပ်အထိ ကင်းပုန်းဝပ်ပြီး တပ်ဖြန့်နေကြတာ။ လက်ရှိတော့ ဘာမှမလုပ်သေးကြဘူး။” လို့ ဒေသခံတဦးက ပြောပါတယ်။

အိမ်ခြေ ၉၀ နဲ့ လူဦးရေ ၅၀၀ ကျော်ရှိတဲ့ သရက်ချဉ်ကျေးရွာကို ပြီးခဲ့တဲ့ ၂၀၂၄ အောက်တိုဘာ ၂၇ ရက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စတင်ဝင်ရောက်အထိုင်ချခဲ့တဲ့အတွက် ကျေးရွာဒေသခံအများစု ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။

အခုထပ်မံရောက်ရှိလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတော့ ဆင်ဖြူကျွန်း နယ်မြေရဲစခန်းမှူးအသတ်ခံရပြီးနောက်မှာ ရောက်လာခဲ့တာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ် ၄ ရက်က ဆင်ဖြူကျွန်းမြို့၊ အမှတ် ၁၊ သုံးပင်တောင်ရပ်ကွက်မှာ ဆင်ဖြူကျွန်း နယ်မြေရဲစခန်းမှူး ပစ်ခတ်ခံရပြီးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။