myaelatt athan

Sharing Information to the Local

ညောင်ဦးမှာ ထွေအုပ်စာရေးလင်မယား အသတ်ခံရ

0
0

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ ယာခင်းအတွင်းအသတ်ခံထားရတဲ့ စစ်ကောင်စီလက်အောက်အထွေထွေအုပ်ချုပ်ရေးဌာနစာရေးနဲ့ ဇနီးဖြစ်သူတို့ ရုပ်အလောင်းတွေ တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အသတ်ခံရသူတွေမှာ တောပြားကျေးရွာနေ ငါ့သရောက်မြို့ထွေအုပ်ရုံးစာရေး အသက် ၄၉ နှစ်အရွယ် ဦးသန်းလှိုင်နဲ့ ဇနီးဖြစ်သူ အသက် ၄၅ နှစ်အရွယ် ဒေါ်ခင်မမတို့ဖြစ်ပြီး ၎င်းတို့ရုပ်အလောင်းတွေကို တောပြားကျေးရွာအနီးယာခင်းအတွင်း မတ် ၉ ရက် မနက် ၁၀ နာရီကျော်မှာ ဒေသခံတွေက တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

“သူတို့အလောင်းကို ယာခင်းထဲသွားသူတွေက တွေ့ခဲ့တာ။ လင်မယား ၂ ယောက်စလုံးထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးနေတာ။ သေတာက ညကတည်းက သေထားတဲ့ပုံစံရှိတယ်။” လို့ ညောင်ဦးဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

သေဆုံးသူတွေဟာ လည်ပင်းနဲ့ရင်ဘတ်တွေမှာ ထိုးသွင်းဒဏ်ရာတွေနဲ့သေဆုံးနေတာဖြစ်ပြီး ရုပ်အလောင်းတွေကိုတော့ ဒေသခံတွေက ညောင်ဦးပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ် ၆ ရက် ညနေပိုင်းကလည်း ညောင်ဦးမြို့နယ်၊ သူကောင်းတည်ကျွန်းကျေးရွာမှာ နေအိမ်မှာရှိနေတဲ့ အုပ်ချုပ်ရေးမှူးသားအဖ သေနတ်နဲ့ပစ်ခံရလို့ အုပ်ချုပ်ရေးမှူးသေဆုံးပြီး သားဖြစ်သူ ဒဏ်ရာရမှု ဖြစ်ပွားခဲ့ပါသေးတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။