မြေလတ်အသံ၊ ဇွန် ၁၉၊ ၂၀၂၅။
ဇွန် ၁၉ ရက် ဒီနေ့မှာကျရောက်တဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့်နှစ်မွေးနေ့အတွက် မြေလတ်ဒေသကတော်လှန်ရေးတပ်ဖွဲ့တွေက ဆုတောင်းဂုဏ်ပြုပေးခဲ့ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့်နှစ်မွေးနေ့အတွက် မြေလတ်ဒေသအတွင်းမှာရှိတဲ့ ပခုက္ကူခရိုင် အမှတ်-၁၁တပ်ရင်း၊ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄၊ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅၊ ကဝမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Black Vote Fighter Local PDF(ယင်းမာပင်)၊ ရွှေဘိုခရိုင်အမှတ်-၁၅တပ်ရင်း၊ ရွှေဘိုခရိုင်အမှတ်-၁၈တပ်ရင်းတို့အပြင် တခြားတပ်ရင်းတပ်ဖွဲ့ တွေကလည်း ဆုတောင်းဂုဏ်ပြုပေးခဲ့ကြပါတယ်။
တည်းဖြတ် – HP