မြေလတ်အသံ၊ မေ ၂၁၊ ၂၀၂၅။
Archive Templateတာဝန်ထမ်းဆောင်ဆဲ စစ်ကောင်စီတပ် ဗိုလ်မှူး ၁ ဦးက မိတ္ထီလာမြို့နယ်အတွင်းက စစ်ကောင်စီလက်အောက် ပြည်သူ့စစ် စစ်ဆေးရေးဂိတ်ကို လက်ပစ်ဗုံးနဲ့ ဖောက်ခွဲမယ်ဆိုကာ ခြိမ်းခြောက်နေတဲ့ရုပ်သံကို CDM တပ်မတော်သားတွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်သူ့ပန်းတိုင်အဖွဲ့က ထုတ်ပြန်လာပါတယ်။
အဆိုပါ ဗိုလ်မှူးမှာ မလှိုင်မြို့နယ်စစ်ကောင်စီမှ ဗိုလ်မှူး ဝေဖြိုး ဆိုသူဖြစ်ကြောင်း ရုပ်သံမှာပြောဆိုထားပြီး ၎င်းမှာ မိတ္ထီလာမြို့နယ်အတွင်း ကားနဲ့ဖြတ်သန်းသွားစဉ် ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေ စစ်ဆေးရေးလုပ်နေတဲ့ တိုးလ်ဂိတ်မှာ ကားမှန်ချခိုင်းရာက ဂိတ်တာဝန်ကျ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၁ ဦးနဲ့ အချေအတင်စကားများကြတာကို ရုပ်သံဖိုင်မှာ မြင်ရပါတယ်။
အဆိုပါ ဗိုလ်မှူးမှာ ပြည်သူ့စစ်ဂိတ်အတွင်း ဆဲဆိုကြိမ်းမောင်းကာ ၎င်းမှာပါလာတဲ့ ပစ္စတိုသေနတ်၊ လက်ပစ်ဗုံးတွေနဲ့ ပစ်ခတ်ဖောက်ခွဲမယ့်ဆိုကာ ခြိမ်းခြောက်ပြောဆိုနေတာလည်း ဖြစ်ပါတယ်။