မြေလတ်အသံ၊ စက်တင်ဘာ ၁၉၊ ၂၀၂၅။
ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ရုံးချုပ် ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၁၇ သင်တန်းဆင်းပွဲကို လွတ်မြောက်ဒေသတနေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ- ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။



အပတ်စဥ် ၁၇ အခြေခံစစ်ပညာသင်တန်း သင်တန်းဆင်းပွဲ အခမ်းအနားကို ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ရုံးချုပ်၊ မိုးကုတ်ဗျူဟာ၊ ဗျူဟာအမှတ် ၉၃ (TRI ဗျူဟာ)၊ အမှတ် ၅၁၃ တပ်ရင်း တို့က တာဝန်ရှိသူတွေနဲ့ မြို့နယ် ပကဖ၊ ပလဖ တာဝန်ရှိသူများ၊ မိတ်ဖက်တော်လှန်ရေးအဖွဲ့တခု ဖြစ်သော ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် – BPLA နိုင်ငံရေးမှူး၊ တော်လှန်ရေးနယ်ပယ်အသီးသီးမှ ရဲဘော်ရဲဘက်များနှင့် ဒေသခံ ရပ်မိရပ်ဖများ ပါဝင်တက်ရောက်ခဲ့ကြလို့ ထုတ်ပြန်ဖော်ပြပါတယ်။
ဓာတ်ပုံ – NUGMOD။




