မြေလတ်အသံ၊ ဇန်နဝါရီ ၂၄၊ ၂၀၂၅။
ONE 170 ပြိုင်ပွဲမှာ စိုးလင်းဦးဟာ ပြိုင်ဘက် ဆက်ဆန်ကို ၃ ချီအပြည့်ထိုးသတ်ခဲ့ပြီး ဒိုင်ဆုံးဖြတ်ချက်နဲ့ အရှုံးပေးခဲ့ရပါတယ်။
ဒီပွဲဟာတော့ စိုးလင်းဦးရော ဆက်ဆန်ပါ အပြိုင်အဆိုင်ထိုးသတ်ခဲ့ကြပြီး ပရိတ်အကြိုက်ပွဲကောင်းတပွဲဖြစ်ခဲ့ပါတယ်။

စိုးလင်းဦးဟာ ဆက်ဆန်ကို သေချာလေ့လာခဲ့တာတွေ့ရပြီး ဆက်ဆန်ရဲ့အားသာချက်တွေဖြစ်တဲ့ လက်သီးချက်တွေနဲ့ ခြေကန်ချက်တွေ မထိအောင်လုပ်ဆောင်နိုင်ခဲ့ပါတယ်။
စိုးလင်းဦးဟာ လူချင်းပူးကပ်ပြီး ပင့်လက်သီးတွေ ဆက်တိုက်သုံးပြီးထိုးခဲ့တာ ကောင်းမွန်ပေမယ့် အနီးကပ် တံတောင်ရိုက်ချက်တွေ ကောင်းကောင်းအသုံးချသွားတဲ့ ဆက်ဆန်ဟာ ဒိုင် ၃ ဦးစလုံးရဲ့ ဆုံးဖြတ်ချက်နဲ့ အနိုင်ရသွားခဲ့တာဖြစ်ပါတယ်။

Photo – SS from ONE 170 Live.