ပထမအချီ အလဲထိုးနဲ့အနိုင်ရပြီး ဘောနပ်စ်ပါရရှိခဲ့တဲ့ သွေးလင်းထက် (အားကစားသတင်း)

0 0
0 0

မြေလတ်အသံ၊ ဇန်နဝါရီ ၁၀၊ ၂၀၂၅။

ဇန်နဝါရီ ၁၀ ရက် ဒီနေ့ညမှာ ကျင်းပသွားတဲ့ ONE Friday Fights 93 ပြိုင်ပွဲမှာ သွေးလင်းထက် ဟာ ပြိုင်ဘက်ဖြစ်သူ ထိုင်းဖိုက်တာ ရော့ကစ်တီကို ပထမအချီမှာတင် အလဲထိုးနဲ့ အနိုင်ယူခဲ့ပါတယ်။ 

ပထမအချီအစမှာ သွေးလင်းထက်ဟာ ညာခြေအပြင်းကန်ချက်နဲ့ ပွဲကိုစဖွင့်ပါတယ်။ ရော့ကစ်တီကတော့ သွေးလင်းထက်ကျွံဝင်လာမှာကို အမှားစောင့်ရင်း ဘယ်ထောက်လက်သီးတုံ့ပြန်ခဲ့တာ ထိရောက်ခဲ့ပါတယ်။ 

သွေးလင်းထက်က နောက်ဆုတ်မသွားဘဲ သူ့ရဲ့အားသာချက်ဖြစ်တဲ့ အနိမ့်ကန်ချက်တွေနဲ့ ဘယ်ညာလက်သီးတွဲလုံးတွေကိုအသုံးပြုပြီး ဖိအားပေးခဲ့တာကြောင့် ရော့ကစ်တီတယောက် အမှားမစောင့်တော့ဘဲ အပြန်အလှန်ကန်ချက်တွေသုံးရင်း ပွဲကိုလှုပ်ခတ်လိုက်ပါတယ်။ 

သွေးလင်းထက် တောက်လျှောက်ဖိအားပေး ထိုးခဲ့ပြီး နှစ်ယောက်စလုံးထိချက်တွေရှိခဲ့ကာ ပထမအချီပြီးဖို့စက္ကန့်ပိုင်းအလိုမှာ ကြိုးဝိုင်းထောင့်ကပ်သွားချိန် သွေးလင်းထက်ရဲ့ညာဝိုက်လက်သီးတလုံး ရော့ကီတစ်ရဲ့ ဘော်ဒီကိုထိပြီး မျက်နှာကာထားတဲ့လက်ပါ ကျသွားပါတယ်။ 

အဲ့ဒီအချိန်မှာပဲ သွေးလင်းထက်ရဲ့ ဘယ်ဝိုက်လက်သီးဟာ ရော့ကစ်တီရဲ့မေးရိုးပေါ်တိတိကျကျထိခဲ့ပြီး လဲကျသွားကာ ပြန်ထမလာနိုင်တော့ဘဲ သွေးလင်းထက်အနိုင်ရခဲ့ပါတယ်။

ပွဲအပြီးမှာတော့ အိမ်စာကြေခဲ့ပြီး အလဲထိုးနိုင်ပွဲရယူမယ်လို့ကြုံးဝါးထားတဲ့ သွေးလင်းထက်တယောက် အလဲထိုးနိုင်ပွဲနဲ့အတူ ONE Championship ကချီးမြှင့်တဲ့ ဘောနပ်စ်ဆုကို ရရှိခဲ့ပါတယ်။ 

Photo – SS from One Championship Live.

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။