myaelatt athan

Sharing Information to the Local

လေဖြတ်နေတဲ့မိခင်ထံ လူနာကြည့်ဟန်ဆောင်ပြီး သမီးကို အဓမ္မပြုကျင်ခဲ့တဲ့ လူငယ် ၂ ဦးကို ဖမ်းဆီးထား

ပဲခူး၊ ဇူလိုင် ၆၊ ၂၀၂၅။

ပဲခူးတိုင်း၊ ပဲခူးမြို့၊ ရွှေပန်းကျေးရွာ အမျိုးသမီး ၁ ဦးကို အဓမ္မပြုကျင်ခဲ့တဲ့ လူငယ် ၂ ဦးကို ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇူလိုင် ၄ ရက်ည ၇ နာရီကျော်ခန့်မှာ အသက် ၂၄ နှစ်အရွယ်အမျိုးသမီးဟာ နေအိမ်အောက်ထပ်မှာ လေဖြတ်နေတဲ့မိခင်ဖြစ်သူကို ပြုစုနေချိန် နေအိမ်ကိုဝင်ထွက်နေကျ လူငယ် ၂ ဦး ရောက်လာပြီးနောက် သူ့ကိုအိမ်နောက်ဘက်ကို ဖမ်းချုပ်ခေါ်ဆောင်သွားပြီး အဓမ္မပြုကျင့်ခဲ့တယ်လို့ ဆိုပါတယ်။

“ညဘက်ကို သူ့အမေနေမကောင်းလို့ အောက်ထပ်မှာကောင်မလေးက ခြင်ထောင်ထောင်ပေးနေတယ်။ လူနာလာကြည့်တာဆိုပြီး အဲဒီ ၂ ယောက်က ဝင်လာတာ။ ပြီးတော့ ကောင်မလေး ခြေထောက်ကိုဆွဲ ပါးစပ်ပိတ်ပြီးတော့ ခေါ်သွားပြီးတော့ မုဒိန်းကျင့်တယ်လို့တော့ သိရတယ်။ အိမ်ထဲအဝင်အထွက်ရှိနေလို့သာ ခုလိုဝင်လို့ရတာပေါ့။ သူစိမ်းဆိုဘယ်ဝင်လို့ရမလဲ”လို့ ဖြစ်စဥ်ကိုသိထားတဲ့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

အဓမ္မပြုကျင့်ခဲ့သူ ၂ ဦးဟာ မုက္ကလကျေးရွာနေထိုင်သူ အသက် ၁၉ နှစ်အရွယ် အောင်ကိုလတ်(ခ) အသေးလေး၊ ရွှေပန်းကျေးရွာနေထိုင်သူ အသက် ၁၇ နှစ်အရွယ် မိုးစက်ဇင်ယော် (ခ) မင်းခန့်ကျော် (ခ) ဂျင်းကောင် တို့ ဖြစ်တယ်လို့ ဆိုပါတယ်။

အဓမ္မပြုကျင့်ပြီးနောက် အဆိုပါ လူငယ် ၂ ဦးဟာ နေအိမ်ကနေထွက်ပြေးသွားခဲ့ပြီးနောက် အမျိုးသမီးရဲ့တိုင်ကြားချက်နဲ့ ဇူလိုင် ၅ ရက်မနက်မှာ ပဲခူးအမှတ် ၁ စခန်းမှာ အမှုဖွင့်ခဲ့တဲ့အတွက် အဲ့ဒီနေ့မှာပဲ ကျူးလွန်သူ ၂ ဦးစလုံးကို နေအိမ်တွေမှာဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ အဆိုပါအမျိုးသား ၂ ဦးကို ပဲခူးအမှတ် ၁ ရဲစခန်းမှာ ချုပ်နှောင်ထားပြီး ရာဇသတ်ကြီးပုဒ်မ ၃၇၆ နဲ့အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၃ ရက်ကလည်း၊ ပဲခူးမြို့နယ်၊ မုက္ကလကျေးရွာမှာကျောင်းသား ၁၇ ဦးကို အဓမ္မပြုကျင့်ခဲ့တဲ့ ယာယီကျောင်းအုပ်ဆရာကို ရဲကဖမ်းဆီးထားတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။