myaelatt athan

Sharing Information to the Local

PDF တွေနဲ့ မျှော်မှန်းချက်ခြင်းတူတာကြောင့် ရွေးကောက်ပွဲမှာပူးပေါင်းကြဖို့ စစ်ကောင်စီကမ်းလှမ်း

0 40
0 40

မြေလတ်အသံ၊ ဇူလိုင် ၅၊ ၂၀၂၅။

မျှော်မှန်းချက်ခြင်းတူညီတာကြောင့် PDF တွေနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ ရွေးကောက်ပွဲမှာ ပူးပေါင်းပေးကြဖို့ စစ်ကောင်စီကထုတ်ပြန်ကမ်းလှမ်းလိုက်ပါတယ်။

စစ်ကောင်စီက ၎င်းတို့နဲ့ လက်ရှိ ၎င်းတို့ထံမှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီတွေရဲ့ မျှော်မှန်းချက်ဟာ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးဖြစ်ပြီး PDF တွေနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ မျှော်မှန်းချက်ဟာလည်း ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးဖြစ်တယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

လက်ရှိမှာ စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲကျင်းပနိုင်ရေးလုပ်ဆောင်နေပြီး ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးပါတီမှာလည်း ၅၄ ပါတီရှိနေကြောင်း၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုအတွက် ရွေးကောက်ပွဲနဲ့သာလျှောက်လှမ်းရမှာဖြစ်ကြောင်း၊ လက်နက်ကိုင်လမ်းစဥ်နဲ့ ဆက်လက်လျှောက်လှမ်းနေရင် ဒီမိုကရေစီနောက်ပြန်ဆွဲသလိုဖြစ်နေကြောင်းဆိုကာ ရွေးကောက်ပွဲမှာ ပူးပေါင်းပေးဖို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုနဲ့ကိုက်ညီတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို စစ်ကောင်စီကကျင်းပမယ့် ရွေးကောက်ပွဲကနေ ထွက်ပေါ်လာမယ့် လွှတ်တော်၊ အစိုးရတွေနဲ့ ဆက်လက်ညှိနှိုင်းဆွေးနွေးသွားဖို့လည်း စစ်ကောင်စီက တိုက်တွန်းဖော်ပြထားပါတယ်။

စစ်ကောင်စီက လာမယ့် ဒီဇင်ဘာလမှာ အထွေထွေရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေပြီး နယ်မြေအလိုက်ခွဲပြီး လုပ်ဆောင်မှာဖြစ်ကာ ရွေးကောက်ပွဲဝင်မယ့်ပါတီ ၅၄ ပါတီရှိနေတယ်လို့လည်း ပြောဆိုထားပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။