အထက်မင်းလှက ကျေးရွာတွေကို စစ်ကြောင်းထိုးနေလို့ ဒေသခံတွေတိမ်းရှောင်နေ

0 9
0 9

မြေလတ်အသံ၊ ဇွန် ၂၆၊ ၂၀၂၅။

မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်ထဲက ကျေးရွာတွေကို ဇွန် ၂၅ ရက်ကစပြီး စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ အထက်မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။

ဇွန် ၂၅ ရက်မှာ မလွန်တပ်နယ်ရှိ ကပစ ၂၊ ကပစ ၁၀၊ စနခ ၉၄၉ တပ်တို့က ပူးပေါင်းပြီး စစ်ကောင်တပ်ဖွဲ့ဝင် အင်အား ၇၀ ကျော်နဲ့စစ်ကြောင်းထိုးနေတာလို့ ဆိုပါတယ်။

“ဒီနေ့တော့ ရွာသာလှ ရွာဘက်ပြန်ဆုတ်ထားတယ်လို့ပဲသိရပါသေးတယ်။ ဘယ်တွေကိုထပ်ထိုးမလဲ ဆိုတာတော့ တိတိကျကျ မသိရသေးပါဘူး။ ဒေသခံတွေလည်း တိမ်းရှောင်နေကြရတယ်ဆိုတော့လေ”လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ ရွာသာလှ၊ ဂွေ့ကြော၊ ခလိုင်းစတဲ့ကျေးရွာတွေကို ဇွန် ၂၆ ရက်ဒီနေ့အထိ စစ်ကြောင်းထိုးနေတဲ့အတွက် စစ်ကြောင်းဝင်ရောက်တဲ့ရွာတွေမှာ ပေါ်တာဆွဲပြီး ပိုက်ဆံတောင်းတာ၊ ရှေ့တန်းကိုခေါ်သွားခံရမှာတွေကိုစိုးရိမ်တဲ့အတွက် ရွာခံအမျိုးသားတွေအကုန်လုံးထွက်ပြေးတိမ်ရှောင်နေကြရတယ်လို့ သိရပါတယ်။

ဒါ့အပြင် အထက်မင်းလှမြို့နဲ့ စလင်းမြို့နယ်အပိုင် ပုသိမ်-မုံရွာကားလမ်းပိုင်းမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ၄ လအတွင်း တိုက်ပွဲ ၁၀ ကြိမ်ဖြစ်ခဲ့တယ်လို့ အထက်မင်းလှ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။

အဲ့ဒီတိုက်ပွဲတွေအရေအတွက်မှာ မတ်လကနေ ဇွန်လပထမအပတ်အတွင်းဖြစ်ပွားခဲ့တာဖြစ်ပြီး တိုက်ပွဲ ဖြစ်ပြီးနောက်မှာတော့ အဲ့ဒီ ပုသိမ်-မုံရွာလမ်းပိုင်းကို စစ်ကောင်စီတပ်ကအသုံးပြုသွားလာတာ နည်းပါးသွားတယ်လို့ ဆိုပါတယ်။

“လက်ရှိတော့ အရင်လိုမျိုးကြီးတော့ သူတို့ (စကစ)အနေနဲ့ အသွားအလာသိပ်မရှိတော့တဲ့ အနေအထားပေါ့။ တိုက်ပွဲရလဒ်အနေနဲ့က ရန်သူ(စကစ)ဘက်က သေဆုံး ၃၀ ကျော် ထိခိုက်ဒဏ်ရာရ ၄၀ ကျော်လောက်ရှိခဲ့ပါတယ်”လို့ မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

ပြီးခဲ့တဲ့ဇွန် ၁၄ ရက်ကလည်း စလင်းမြို့နယ်အတွင်းရှိကံပြားရွာဘက်ကို တင့်ကား ၄ စီး ပါ စစ်အင်အား ၂၀၀ နဲ့ ပုသိမ်-မုံရွာ ကားလမ်းအတိုင်းစစ်ကြောင်းထိုး၀င်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး ၂ ဦးကိုအရှင်ဖမ်းမိခဲ့တယ်လို့ Peacock Brother Urban Guerrilla က ထုတ်ပြန်ထားပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။