myaelatt athan

Sharing Information to the Local

ရွှေဘိုမှာ စစ်အုပ်စု မီးရှို့ခဲ့တဲ့ကျေးရွာက ဒေသခံတွေ အကူညီလိုအပ်

စစ်ကိုင်း၊ ဖေဖော်ဝါရီ ၈၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးခဲ့တဲ့ သရက်ပင်၀န်းကျေးရွာက ဒေသခံတွေအတွက် အကူအညီတွေ လိုအပ်နေတယ်လို့ ShweBo People Defence Force အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

အဲ့ဒီရွာကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၀ ရက်မှာ ရေဦးမြို့နယ်က လာရောက်တဲ့ အင်အား ၅၀ ပါစစ်သားတွေက မီးရှို့သွားခဲ့တာပါ။

“သရက်ပင်ဝန်းရွာက အိမ်ခြေ ၄၀၀ လောက်ရှိတဲ့ရွာကို အိမ်ခြေ ၅၀ လောက် မီးရှို့ခံရတာ။ ဟိုတစု သည်တစု မီးရှို့ခံရတာ။ ပထမ တရက် နှစ်ရက်လောက်ကိုတော့ ရွာသားချင်း ကူညီကြတာ။ ထမင်းထုပ်တွေ ပို့ပေးတာပေါ့။ တခြားရွာတွေကို အကူအညီတောင်းရအောင်လည်း သူတို့လည်း မီးရှို့ခံထားရတာဆိုတော့ အဆင်မပြေဘူး” လို့ ShweBo People Defence Force ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

လက်ရှိမှာ မီးလောင်ကျွမ်းရာက ကျန်ရှိတဲ့ သွပ်ပြား မီးလောင်သစ်သားအချို့နဲ့ ထန်းရွက်တွေကို အသုံးပြုပြီး ယာယီတဲအိမ်တွေ ဆောက်လုပ်နေထိုင်ရတယ်လို့ သူကဆက်ပြောပါတယ်။

သူတို့တွေအတွက် နေထိုင်စရာ၊ စားနပ်ရိက္ခာ၊ အဝတ်အထည်၊ စောင်နဲ့ ဆေးဝါးပစ္စည်းတွေ လိုအပ်နေပြီး ဆက်သွယ်လှူဒါန်းလိုသူတွေ အနေနဲ့ ShweBo People Defence Force လူမူကွန်ယက်စာမျက်နှာကနေ ဆက်သွယ်လှူဒါန်းနိုင်တယ်လို့လည်း ဆိုပါတယ်။

ဒါအပြင် အခြားစစ်ကောင်စီတပ်ဖွဲ့တွေကလည်း သရက်ပင်ဝန်းကျေးရွာနဲ့အတူ ဇန်နဝါရီလ ၃၀ ရက် အဲဒီနေ့မှာပဲ ရွှေဘိုမြို့နယ်ထဲက ရုံးစုရွာ၊ ညောင်ပင်ကြီးစုရွာနဲ့ ဗျိုင်းကြိုင်ရွာက အိမ်ခြေ ၄၀၀ ကျော်ကို မီးရှို့ခဲ့သေးတယ်လို့ဆိုပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။