မြေလတ်အသံ၊ ဇွန် ၂၀၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ် ပန်းသပိတ်ဆင်နွှဲပြီး မွေးနေ့ဆုတောင်းကာ လမ်းလျှောက်ဆန္ဒဖော်ထုတ်ခဲ့ကြတယ်လို့ ကလေးမြို့လူထုတိုက်ပွဲ ဦးဆောင်ကော်မတီကပြောပါတယ်။



ဇွန် ၁၉ ရက်မနေ့ကကျရောက်တဲ့ အသက် ၈၀ နှစ်ပြည့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ်အဖြစ် ကလေးမြို့နယ်ရှိ ကျေးရွာ ၈ ရွာမှာ ပန်းသပိတ်နဲ့အတူ အဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေးအတွက်ကြွေးကြော်တောင်းဆိုခဲ့တာလို့ ဆိုပါတယ်။



“မွေးနေ့ရှင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဘေးကင်းပြီးကျန်းမာသက်ရှည်ပါစေ။ ပြည်သူများအနေနှင့် လူထုခေါင်းဆောင်နှင့်အတူရပ်တည်ပြီး အဖိနှိပ်ခံတိုင်းရင်းသားပြည်သူတရပ်လုံး လွတ်မြောက်ရေးအတွက် လက်တွဲညီညီချီတက်သွားပါမယ်”လို့ ကလေးမြို့လူထုတိုက်ပွဲဦး ဆောင်ကော်မတီမှ တာဝန်ရှိသူတဦးကပြောပါတယ်။





