myaelatt athan

Sharing Information to the Local

အာဏာသိမ်း ၂နှစ်ပြည့်မှာ အသံတိတ်သပိတ်လုပ်နိုင်ဖို့ပြင်ဆင်နေ

0 4
0 4

စစ်ကိုင်း၊ ဇန်နဝါရီ ၂၆၊ ၂၀၂၃။

စစ်ကောင်စီက မတရား အာဏာသိမ်းထားတာကို ဆန့်ကျင်နေဆဲဖြစ်ကြောင်းပြသတဲ့ လှုပ်ရှားမှုတခုဖြစ်တဲ့ အသံတိတ်သပိတ် လုပ်နိုင်ဖို့ ချိတ်ဆက်ပြင်ဆင်နေတာကြောင့်ပြည်သူတွေ ပါဝင်ပေးကြဖို့ Democratic Youth Council-ဒီမိုကရက်တစ်လူငယ်ကောင်စီက တိုက်တွန်းထားပါတယ်။

လာမယ့် ဖေဖော်ဝါရီလ ၁ရက်နေ့မှာ အာဏာသိမ်းတာ ၂နှစ်ပြည့်ပြီဖြစ်လို့ ပြည်သူတွေက ၂နှစ်ပြည့်တဲ့အချိန်ထိ သွေးမအေးဘဲ တော်လှန်နေဆဲဖြစ်ကြောင်းပြသဖို့ရည်ရွယ်ကာ ၁ရက်နေ့ မနက် ၁၀နာရီကနေ နေ့လည် ၁၂နာရီထိ ၂နာရီကြာ အသံတိတ်သပိတ်ပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

“ပြည်သူတွေရဲ့ အန္တရာယ်အတွက်ကိုလည်း စိုးရိမ်မိသလို ထိခိုက်မှာကိုလည်း မလိုလားပါဘူး။ အဲ့တာကြောင့် လုံခြုံရေးကို အထူးဂရုစိုက်ပြီး ပါဝင်ကြပါ။ များများပါဝင်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ပြည်သူ့အင်အားပြဖို့ ပူးပေါင်းကြပါ။ မိမိတို့ အနာဂတ်အတွက် တိုက်ပွဲဝင် တော်လှန်ကြဖို့ တိုက်တွန်းလိုပါတယ်။”လို့ အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

အဖွဲ့အနေနဲ့လည်း အာဏာရှင်စနစ်နိဂုန်းချုပ်ဖို့၊ ဖက်ဒရယ်ဒီမိုကရေစီစနစ် ဖော်ဆောင်နိုင်ဖို့၊ နိုင်ငံရေးမှာ လူငယ်တွေ ပိုမိုပါဝင်လာနိုင်ဖို့တွေအတွက် ကြိုးစားဆောင်ရွက်နေပြီး ပြည်သူတွေကလည်း တတ်နိုင်တဲ့နည်းလမ်းနဲ့ပါဝင်ပေးကြဖို့ ပြောဆိုထားပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။