ထီးလင်းမှာ ၅ တန်း ကျောင်းသားတဦး မိုင်းနင်းမိလို့ အသက်အန္တရာယ်စိုးရိမ်ရ

0 1
0 1

မကွေး၊ ဒီဇင်ဘာ ၃၁၊ ၂၀၂၂။

မကွေးတိုင်း ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ်မှာ ၅ တန်း ကျောင်းသားတဦး မိုင်းနင်းမိလို့ ခြေတဖက်ဖြတ်ထားရသလို အသက်အန္တရာယ်ပါ စိုးရိမ်နေရတယ်လို့ သိရပါတယ်။

ထီးလင်းမြို့နယ် ဝက်သက်ရွာမ စာသင်ကျောင်းရှေ့က သစ်ပင်အောက်မှာ ထောင်ထားတဲ့ နင်းမိုင်းကို ၁၂ အရွယ် ၅ တန်းကျောင်းသား မောင်စွမ်းထက်နိုင်က ဒီနေ့မနက် ၉ နာရီဝန်းကျင်မှာ နင်းမိခဲ့တာဖြစ်တယ်လို့ Yaw Revolution Army – ထီးလင်း ခေါင်းဆောင် သခင်ဇော်က ပြောပါတယ်။

“ခွေးတွေထောင်ထားတဲ့နင်းမိုင်းပါ။ ဒီကလေးကို အမြန်ဆုံးဆေးကုသမှုခံယူဖို့အတွက် လိုက်လံပို့ဆောင်ပေးထားပါတယ်။ ကလေးရဲ့အခြေအနေက ခြေထောက်ကတော့ တဖက်ကတော့ ပြတ်ထွက်သွားတယ်။ အသက်ရှင်နိုင်ဖို့အတွက် ဆေးကုသမှုမီနိုင်မလား မမီနိုင်ဘူးလား မသိရသေးပါဘူး။ အသက်အန္တရာယ်စိုးရိမ်ရပြီး အသက်ဆုံးရှုံးနိုင်မှု အခြေအနေမသိရသေးဘူး” လို့ သခင်ဇော်က ပြောပါတယ်။

ဒီလုပ်ရပ်ဟာ PDF တွေရှိနေလို့ နယ်မြေခံပြည်သူတွေ ဒုက္ခရောက်ရတယ်လို့ ထင်အောင် စစ်ကောင်စီက ရည်ရွယ်ပြီး လုပ်နေတာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

“လူစိတ်လုံးဝမရှိတဲ့ လုပ်ရပ်ပါ။ သူတို့ထောင်တဲ့နင်းမိုင်းကလည်း ထောင်တဲ့နေရာက စာသင်ကျောင်းရှေ့မှာ ဖြစ်တယ်။ ကျောင်းဆရာ ဆရာမ မိမလား။ ကလေးမိမလား ကျောင်းသားမိဘမိမလား ဒါပဲရှိမှာပါ။ ဒီလိုထောင်ခြင်းအားဖြင့် ကျနော်တို့ PDF တွေမိမှာ မဟုတ်ဘူး” လို့ ဆိုပါတယ်။

နင်းမိုင်းပေါက်ကွဲခဲ့လို့ လက်ရှိ စာသင်ကျောင်းကို ယာယီပိတ်ထားရတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။