myaelatt athan

Sharing Information to the Local

မုံရွာခရိုင်ထဲက လမ်းပိုင်းအချို့ကို အသုံးပြုခွင့်ယာယီပိတ်

0
0

စစ်ကိုင်း၊ ဒီဇင်ဘာ ၃၁၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်ထဲကလမ်းပိုင်းအချို့ကို ဒီဇင်ဘာလ ၃၁ ရက်ဒီမနက် ၂ နာရီ ၅၀ မိနစ် ကစပြီး လမ်းအသုံးပြုခွင့်ကို ယာယီပိတ်ပင်ထားကြောင်း မုံရွာ- အမြင့်လမ်း တင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်ထားပါတယ်။

မုံရွာ – ချောင်းဦးလမ်းပိုင်း၊ မြေနဲ – ဗောဓိတစ်ထောင်လမ်းပိုင်း၊ မုံရွေး – ရွေမြင်တင်လမ်းပိုင်းတွေကိုပိတ်ခဲ့တာလို့ မုံရွာ – အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။

“အမြင့်မြို့ဟောင်းက စစ်ကောင်စီတပ်သားတွေကို ဗောဓိတထောင်တောင်ကြောက တောင်ခမောက်တောင်ကို မနေ့ ညနေက Mi-35,Mi-17 ရဟတ်ယာဥ်တွေနဲ့ ပို့လို့ လမ်းပိတ်ထားတာပါ”လို့ ပြောပါတယ်။

ချောင်းဦးမြို့နယ်၊ အမြင့်စခန်းကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မနေ့ညနေ ၄ နာရီခွဲလောက်က လေယာဥ် ၂ စီးနဲ့ ၂ ကြိမ်ခွဲပြီး လာခေါ်သွားတာကိုတွေ့ခဲ့ရတယ်လို့ ချောင်းဦး Eagle Brother Revolution Force.KUG – တပ်ခွဲ ၂ တပ်ဖွဲ့ရဲ့ တာဝန်ရှိသူကလည်း ပြောပါတယ်။

အခုလမ်းပိတ်ထားတာဟာ နောက်ထပ်ကြေညာချက်မထုတ်ပြန်ခင်အထိ ဖြစ်ပြီး၊ လမ်းအသုံးပြုခဲ့လို့ အကြောင်းတစုံတရာဖြစ်ပေါ်ခဲ့ပါက အသုံးပြုသူရဲ့တာဝန်သာဖြစ်တယ်လို့ ကြေညာချက်မှာဖော်ပြထားပါတယ်။

မုံရွာခရိုင်အတွင်းမှာ ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ခုခံတိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီတပ်တွေ သေဆုံးမှုတွေရှိနေသလို မကြာခဏဆိုသလိုလည်း ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားလျှက်ရှိနေတာပါ။

ပြီးခဲ့တဲ့ဒီဇင်ဘာလ ၂၄ ရက်လည်း မုံရွာမြို့ကနေ ပြည်သူပိုင်ကျောက်စုပ်မော်တော်ကို ခိုးယူမောင်းနှင်လာတဲ့ စစ်အုပ်စုကို ချင်းတွင်းမြစ်ကြောင်းတနေရာမှာ ဒေသခံကာကွယ်ရေးတပ်တွေက မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၇ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာပြင်းထန်ရရှိခဲ့ပါသေးတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။