myaelatt athan

Sharing Information to the Local

ကန့်ဘလူမှာ စစ်ရှောင်အမျိုးသမီးတဦးမြွေကိုက်ခံရ စုစုပေါင်းမြွေကိုက်ခံရသူ ၄၁ ဦးရှိပြီး ၄ ဦးသေဆုံး

0
0

စစ်ကိုင်း၊ ဒီဇင်ဘာ ၃၁၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့တိုက်နယ်က စစ်ရှောင်အမျိုးသမီးတဦး ဒီဇင်ဘာလ ၃၀ ရက်မနေ့ညနေက မြွေကိုက်ခံရကြောင်း ဒေသခံတဦးဆီက သိရပါတယ်။

အသက်၂၄ နှစ်အရွယ် စစ်ရှောင်အမျိုးသမီးတဦးဖြစ်ပြီး ဒီဇင်ဘာလ ၃၀ ရက်ညနေ ၇ နာရီလောက်မှာ မြွေကိုက်ခံရတာလို့ သိရပါတယ်။

“သူကကျွဲကိုအရင်နေရာကနေ တခြားနေရာကို ရွှေ့ဖို့သွားတာမှာ မှောင်နေပြီ၊ နေတဲ့တဲနဲ့လည်း ဝေးလှတာတော့မဟုတ်ဘူး၊ အဲလိုသွားတုန်းဘယ်ဘက်ခြေကို ပိုးထိတာလို့” ဒေခံတဦးကပြောပါတယ်။

လက်ရှိမှာ မြွေကိုက်ခံထားရတဲ့ အမျိုးသမီးငယ်ကို လိုအပ်တဲ့မြွေဆိပ်ဖြေဆေးထိုးပေးတာပြီး စိုးရိမ်စရာမရှိဘူးလို့ သူကဆက်ပြောပါတယ်။

ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့တိုက်နယ်အတွင်းနဲ့ အနီးဝန်းကျင်တွေမှာ မကြာခဏဆိုသလို မြွေကိုက်ခံရမှုတွေရှိနေပြီး စစ်ရှောင်ကာလ ၈ လအတွင်း မြွေကိုက်ခံရသူ အမျိုးသား ၃၃ ဦးနဲ့အမျိုးသမီး ၈ ဦးရှိကာ အဲဒီအထဲက အမျိုးသား ၃ ဦးနဲ့ ၈ နှစ်အရွယ်မိန်းကလေးငယ်တဦးသေဆုံးခဲ့ပါတယ်။

သေဆုံးသူ ၄ ဦးမှာမှ ကိုင်းရိုးရွာနေ အသက်၆၁ နှစ်အရွယ် ဦးဝင်းညွှန့်ဟာ စစ်ကောင်စီရဲ့ ညမထွက်ရအမိန်ကြောင့် လုံလောက်တဲ့ဆေးကုသခွင့်မရပဲ ဒီဇင်ဘာလ ၁၇ ရက်မှာ သေဆုံးခဲ့ရတာလို့ ဒေသခံတဦးဆီက သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။