myaelatt athan

Sharing Information to the Local

ပေါက်ခေါင်းမှာ တိုက်ခိုက်ခံရလို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦးသေဆုံး (ရုပ်/သံ)

သေနတ်နဲ့ လက်ပစ်ဗုံးတွေကို PDF သိမ်းဆည်း

ပေါင်းတည်၊ ဇွန် ၁၁၊ ၂၀၂၅။

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကိုတိုက်ခိုက်ပြီး လက်နက်ခဲယမ်းတွေသိမ်းဆည်းနိုင်ခဲ့တယ်လို့ Paungde People Defense Force PDF Battalion – 3601 က ဇွန် ၁၁ ရက်မှာထုတ်ပြန်လာပါတယ်။

တပ်မ ၆၆ လက်အောက်ခံစစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ဝန်းကျင်ပါတဲ့ စစ်ကြောင်းကို ပေါက်ခေါင်းမြို့နယ်၊ ညောင်နီပင်ကျေးရွာအထွက်မှာ ကာကွယ်ရေးတပ်တွေကတိုက်ခိုက်ခဲ့တာလို့ Paungde People Defense Force PDF Battalion – 3601 စစ်ထောက်လှမ်းရေးနဲ့ သတင်းပြန်ကြားရေးတာဝန်ခံ Shadow က ပြောပါတယ်။

ပစ်ခတ်ချိန် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦးသေဆုံးကာ ၆၀ မမ ကွန်မန်ဒိုစိန်ပြောင်း ၂ လက်၊ MA1 ၂ လက်၊ MA3 ၆ လက်၊ လက်ပစ်ဗုံး ၂ လုံးနဲ့ စကားပြောစက် ၁ လုံး သိမ်းဆည်းရခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို ဗျူဟာ ၂၁ လက်အောက်ခံတပ်ရင်းတွေဖြစ်တဲ့ Paungde People Defense Force PDF Battalion – 3601၊ ၃၆၀၂ တပ်ရင်း တပ်ခွဲ ၃၊ တပ်ခွဲ ၄၊ ပြည်ခရိုင် ပကဖ၊ ရွှေတောင် ပကဖ၊ ပေါက်ခေါင်း ပကဖ၊ ၃၈၀၁ တပ်ရင်း တပ်ခွဲ ၃ ၊ တပ်ခွဲ ၆ နဲ့ ဧရာညီနောင်အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

တိုက်ခိုက်ခံရပြီးနောက် စစ်ကြောင်းဟာ ပေါက်ခေါင်းမြို့နယ်ဘက်ကို ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။

အဲ့ဒီစစ်ကြောင်းက မေ ၂၉ ရက်မှာ ပေါက်ခေါင်းမြို့ဘက်ကနေထွက်လာပြီး သိုက်ချောင်းရွာ၊ ကွမ်းအုံစုရွာ၊ အိုင်စောက်ရွာ၊ မြေနီကုန်းရွာ၊ သဖန်းကုန်းရွာ၊ ဒလမဲရွာ၊ မရိုးကျွန်းရွာ၊ ပြန်ချီတက်ရွာတွေက နေအိမ်တွေကိုမီးရှို့ခဲ့တယ်လို့ တပ်ဖွဲ့ဝင် Shadow က ပြောပါတယ်။

စာတည်း – လင်း၊ တည်းဖြတ် – M

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။