myaelatt athan

Sharing Information to the Local

စစ်ကြောင်းကထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၃ ဦး PDF ဆီခိုလှုံ

ကျောက်ကြီး၊ ဇွန် ၅၊ ၂၀၂၅။

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်မှာ တိုက်ပွဲအတွင်းရောက်ရှိနေတဲ့ စစ်ကောင်စီတပ်သား ၃ ဦး လက်နက် ၃ လက်နဲ့အတူ ဘက်ပြောင်းခိုလှုံလာတယ်လို့ မေ ၅ ရက်ဒီကနေ့မှာ ဖာပွန်ခရိုင်တပ်ရင်း ၁ က ထုတ်ပြန်ပါတယ်။

အဆိုပါ ၃ ဦးရဲ့အချက်အလက်တွေကိုတော့ မိသားစုဝင်တွေရဲ့လုံခြုံရေးကြောင့် ထုတ်ပြောလို့မရပေမယ့် ၎င်းတို့မှာ MA1 ၁ လက်၊ MA3 ၂ လက် ပါလာခဲ့တယ်လို့ ဆိုပါတယ်။

“ချိတ်ဆက်ရပြီးတော့ ဝင်လာမျိုးတော့မဟုတ်ဘူးဗျ။ သူတို့တပ်က သူတို့ထွက်ပြေးလာပြီးမှ ကျနော်တို့အဖွဲ့နဲ့တွေ့ပြီးတော့ ထိန်းသိမ်းခေါ်ဆောင်ထားတာပါ”လို့ ဖာပွန်ခရိုင်တပ်ရင်း ၁ မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

ဘက်ပြောင်းလာသူတွေဟာ ခမရ ၅၈၄ တပ်ရင်းကဖြစ်ပြီး ကျောက်ကြီးမြို့နယ်၊ နောင်ကုန်းကျေးရွာကို ဧပြီ ၂၈ ရက်မှာ စစ်ကြောင်းနဲ့အတူရောက်ရှိလာခဲ့ပြီးနောက် မေ ၁၆ ရက်မှာ ထွက်ပြေးလာခဲ့ကြတာလို့ ဆိုပါတယ်။

“သူတို့က စကစတပ်ရဲ့အတင်းအဓမ္မဖမ်းဆီးခြင်းကိုခံရပြီးမှ စစ်သားဖြစ်လာတာ။ အဲ့တာကြောင့်မလို့ စကစလက်အောက်မှာ မလုပ်ချင်ဘဲနဲ့လုပ်ရပြီးတော့ အခွင့်အရေးရတာနဲ့ထွက်ပြေးလာခဲ့တာ”လို့ အထက်ပါ တာဝန်ရှိသူကဆိုပါတယ်။

လက်ရှိမှာတော့ ၎င်းတို့ ၃ ဦးကို ဖာပွန်ခရိုင် တပ်ရင်း ၁ ကနေ ဆုငွေကျပ် ၁၀ သိန်းစီအသီးသီး ဆုချီးမြှင့်ခဲ့ပြီးနောက် သွားချင်တဲ့နေရာတွေဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။