ဓားထိုးဒဏ်ရာဖြင့်သေဆုံးခဲ့သည့် မနွယ်သန္တာဝင်းအမှုကို စစ်ကောင်စီနှင့် AA တို့စစ်ဆေးနေ

0 1
0 1

မြေလတ်အသံ၊ သြဂုတ် ၁၈၊ ၂၀၂၂။

ပြီးခဲ့သည့် ဩဂုတ် ၁၅ ရက်နေ့ ညနေပိုင်းအချိန်ခန့်တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဘောလုံးကွင်း ရပ်ကွက်ရှိ လူသုံးကုန်အရောင်းဆိုင်တွင် ဓားထိုးဒဏ်ရာများဖြင့် သေဆုံးခဲ့သည့် မနွယ်သန္တာဝင်း အမှုကို စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA)တို့ စစ်ဆေးနေကြသည်ဟု သိရသည်။

အသက် ၁၈ နှစ်သာရှိသေးသည့် မနွယ်သန္တာဝင်းမှာ သူမအလုပ်လုပ်သည့် “Lumin ous/Livguard “ပလပ်စတစ်ပစ္စည်းနှင့် လူသုံးကုန် အရောင်းဆိုင်၏ အနောက်ဘက်စတိုခန်းတွင် ဝမ်းဗိုက်၌ ဓားထိုးဒဏ်ရာ ၂ ချက်ဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်။

အဆိုပါသေဆုံးမှုနှင့်ပတ်သက်၍ မိသားစုဝင်များက အမှတ်(၁)ရဲစခန်းတွင် အမှုဖွင့်တိုင်တန်းထားသလို ရက္ခိုင့်တပ်တော်(AA)မှ တာဝန်ရှိသူများကလည်း အမှုမှန်ပေါ်ပေါက်ရေး လုပ်ဆောင်နေသည်ဟု မနွယ်သန္တာဝင်း၏ဝရီးဖြစ်သူကပြောသည်။

“ဒီဆိုင်မှာ ဝန်ထမ်းအမျိုးသမီးဆိုလို့ ကျနော်တူမလေးတယောက်ပဲရှိတာပါ။ အဲဒီဆိုင်မှာ အလုပ်လုပ်တာလည်း ၂ လလောက်ပဲရှိပါသေးတယ်။ ရဲတွေက စစ်ဆေးတဲ့အခါ သူမမှာရည်းစား‌ရှိလား၊ သူမကိုလိုက်နေတဲ့ယောင်္ကျားလေးတွေရှိလား မေးပါတယ်။ကျနော့်တူမက ယေင်္ကျားတွေနဲ့ ရောရောထွေးထွေးနေတာလည်း မရှိသလို ရည်းစားလည်းမရှိပါဘူး။ ရဲတွေစစ်ဆေးနေတာကတော့ ဒီနေ့နဲ့ဆိုရင် ၃ ရက်ရှိပါပြီး။ ဒါပေမဲ့ဘာမှတော့မထူးခြားသေးဘူး”ဟုဆိုသည်။

ယင်းအပြင် မနွယ်သန္တာဝင်းမှာ ပြီးခဲ့သည့် (၂၀၂၁-၂၀၂၂)ပညာသင်နှစ်တွင် ဘောဂဗေဒဘာသာတွဲမှ ဂုဏ်ထူး ၁ ဘာသာဖြင့် အောင်မြင်ထားသူတဦးလည်း ဖြစ်သည်။

“ကျွန်တော့်မှာက တူမချောတယောက် ဆုံးရှုံးသွားခဲ့တယ်။ကျနော်တို့ အဓိကဖြစ်ချင်တာက တရားခံကို အမြန်ဆုံးဖမ်းမိစေချင်ပါတယ်။ ဒီအမှုမပေါ် လိုက်ရင် နောင်လာနောင်သား သားသမီးတွေအတွက်လည်း မကောင်းဘူး။ အဲဒါကြောင့် ဒီအမှုတရားခံကို ပေါ်စေချင်ပါတယ်”ဟု ဝရီးဖြစ်သူကဆိုသည်။

သေဆုံးခဲ့သူ မနွယ်သန္တာဝင်း၏ နာရေးကို ဩဂုတ်လ ၁၇ ရက်နေ့က ပြုလုပ်ခဲ့ပြီး လိုက်ပါပို့ဆောင်သူ ထောင်ချီရှိခဲ့ကြောင်း ဒေသခံများထံကသိရသည်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။