ဝမ်ပေါင်ကနေ ကြေးနီတင်ဆောင်ပြီး ထွက်လာတဲ့ယာဉ်တန်း ပစ်ခတ်ခံရပြီး ၄ ဦးသေဆုံး

0 0
0 0

မုံရွာ၊ ဖေဖော်ဝါရီ ၂၈၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ဝမ်ပေါင်ကုမ္ပဏီက ထွက်လာတဲ့ စစ်ကောင်စီတပ်ရဲ့ကြေးနီတွေ တင်ဆောင်လာတဲ့ ယာဉ်တန်းကို ဖေဖော်ဝါရီ ၂၇ ရက် မနက် ၉ နာရီ ၁၇ မိနစ်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဘာမထီတော်လှန်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

ကြေးနီတင်ဆောင်လာတဲ့ တွဲကား ၄၁ စီး၊ သံပြားကာကား ၆ စီး၊ Jammer ၉ စီးနဲ့ အိမ်စီးကား ၁ စီးပါဝင်တဲ့ ယာဉ်တန်းထဲက နောက်ဆုံးပိတ်နေရာက ကြေးနီတင်လာတဲ့ တွဲကား ၄ စီးကို မုံရွာမြို့၊ နတ်လူထိပ်ပန်အနီးမှာ ၁၅ မိနစ်အကြာ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ကျနော်တို့ နောက်ပိတ်ဆုံး ကြေးနီတင်လာတဲ့ တွဲကား ၄ စီးကို ပစ်ခဲ့တာ။ နောက်ပြန်ဆုတ်တဲ့အချိန်မှာ **ပါတဲ့ အိမ်စီးကား ၁ စီးကိုလည်း ပစ်ခတ်ခဲ့တယ်။ အိမ်စီးကားထဲမှာလည်း ** ၄ ကောင်ပါတယ်။ အဲ့ဒီအိမ်စီးကားလည်း ထိုးရပ်သွားတယ်။ အိမ်စီးကားပေါ်က ၂ ကောင်တော့ ပွဲချင်းပြီးသေသွားတယ်။ တွဲကားလည်း အဲ့ဒီအနားမှာရပ်သွားတာ၊ ပီတီထမင်းဆိုင်ရှေ့မှာ ရပ်သွားတယ်။ ၂ ကောင်ကတော့ ကားပေါ်တင် သေနေတာ။ ၁ ကောင်ကတော့ အောက်ဆင်းပြီး အပင်ဘေးမှာ သွေးတွေနဲ့ မှီနေတာ။”လို့ ဘာမထီတော်လှန်ရေးတပ်ဖွဲ့ တာဝန်ခံက ပြောပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုအပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက လက်နက်ကောက်ဖို့ကြိုးစားချိန် နမခ ဘက်ကနေ စက်တပ်လေထီးတက်လာတာကြောင့် လက်နက်တွေမကောက်နိုင်ဘဲ ပြန်လည်ဆုတ်ခွါခဲ့ တယ်လို့ ဆိုပါတယ်။

ဒီပစ်ခတ်တိုက်ခိုက်မှုကို ဘာမထီတော်လှန်ရေးတပ်ဖွဲ့၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ MYF၊ Monywa Underground Force Fighter For Our Future နဲ့ Yinmarbin District No 9 Regiment Idiots Column တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ဘာမထီတော်လှန်ရေးတပ်ဖွဲ့ဟာ ဖေဖော်ဝါရီ ၂၀ ရက်ကလည်း မုံရွာမြို့ကနေ ချောင်းဦးဘက်ကို ထွက်လာတဲ့ စစ်ကောင်စီရဲ့ သံပြားကားနဲ့ မိုးကာအုပ်ထားထားတဲ့ ကား ၂ စီးကို မုံရွာ-မန္တလေးလမ်းပိုင်း မအူရွာနဲ့ မြေနဲအကြားမှာ ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။

စာတည်း – ကိုချမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။