myaelatt athan

Sharing Information to the Local

တောင်သူတွေ မဖြစ်မနေစပါးစိုက်ဖို့ လိုအပ်လို့ စပါးစိုက်ချိန် PDF ‌တွေက လုံခြုံရေး‌ပေးခဲ့

0
0

မကွေး၊ သြဂုတ် ၁၁၊ ၂၀၂၂။

မကွေးတိုင်းအတွင်းက ပြည်သူအချို့ မဖြစ်မနေ စပါးစိုက်ဖို့ လိုအပ်တာကြောင့် PDF တွေက လုံခြုံရေးပေးပြီး တောင်သူတွေ စပါးစိုက်ခဲ့ရတယ်လို့ သိရပါတယ်။

စစ်ကောင်စီ စစ်ကြောင်းထိုးခဲ့တဲ့ နယ်မြေဖြစ်တာကြောင့် စပါးမစိုက်ခင်မှာ စစ်ကောင်စီရမ်းသန်းပစ်ခဲ့တဲ့ ၆၀ မမ လက်နက်ကြီးကျည်တလုံးကို ရှင်းပေးခဲ့ပြီး လုံခြုံရေးယူပေးခဲ့ကြတာဖြစ်တယ်လို့ မကွေးPDF တာဝန်ခံ ဗိုလ်ဉာဏ်က ပြောပါတယ်။

” များသောအားဖြင့်သူတို့ကလျှောက်ပစ်တာဆိုတော့ လယ်ကွင်းတွေထဲမှာလက်နက်ကြီးကျည်ကျတာတွေရှိတယ်၊၆ ရက်နေ့ကထိုးလာတာတော့ အင်အား ၁၅၀ လောက်ပါတယ်၊သူတို့ဆုတ်ခွာသွားပေမဲ့ ကျနော်တို့နယ်မြေစိုးမိုးတဲ့နေရာတဝိုက်မှာတော့ လုံခြုံရေးနဲ့သတိရှိရှိစောင့်ကြည့်နေတယ်” လို့ ပြောပါတယ်။

လုံခြုံရေးကင်းစောင့်ပေးတဲ့ PDF တွေကို စပါးစိုက်ပြည်သူတွေက အစားအသောက်တွေနဲ့ ပြန်ကျွေးမွေးပြီး စပါးအချိန်မီစိုက်နိုင်ခဲ့လို့ တောင်သူတွေ ပျော်နေကြတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၆ရက်က စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်ကို ရှေ့ထွက်မိုင်းနဲ့ ဆွဲတိုက်ခိုက်ခဲ့လို့ စစ်သား ၇ဦး သေဆုံးပြီး ၂ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။