myaelatt athan

Sharing Information to the Local

၁ လနီးပါး စစ်ကြောရေးမှာ ဖမ်းဆီးထားသူ ၂ ဦးကို စစ်ကောင်စီ ၅၀၅(က)ဖြင့် တရားစွဲ

0
0

မြေလတ်အသံ၊ ဇွန် ၃၀၊ ၂၀၂၂။

ချင်းပြည်နယ်၊ ပလက်ဝမြို့၊ မြို့မရပ်ကွက်မှ ဖမ်ဆီးထားသည့် အရပ်သား ၂ ဦးကို စစ်ကောင်စီက ဇွန်လ ၂၉ ရက်နေ့တွင် မြို့နယ်တရားရုံး၌ ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့်တရားစွဲဆိုလိုက်သည်ဟု မိသားစုဝင်များက ပြောသည်။

တရားစွဲဆိုခံလိုက်ရသူ ၂ ဦးမှာ ဦးမဲကျော့နှင့် ဦးမောင်ဝင်းတို့ဖြစ်ကြပြီး ၎င်းတို့ကို ပလက်ဝအခြေစိုက် ခလရ ၂၈၉ တပ်ရင်းတွင် ရက်ပေါင်း ၂၈ ရက်ကြာ မိသားစုများနှင့် အဆက်အသွယ်ဖြတ်တောက်ကာ စစ်ဆေးမေးမြန်းမှု ခံယူရပြီးနောက် ယခုလိုတရားစွဲခံလိုက်ရခြင်းဖြစ်သည်ဟု ဦးမောင်ဝင်း၏ ဆွေမျိုးတဦးက ပြောသည်။

“စစ်သားဖက်က ဘယ်သူစွဲတာလဲဆိုတာကိုတော့ မသိရသေးဘူး။ လာမယ့် ဇူလိုင်လ ၁၆ ရက်နေ့ကို ရုံးချိန်းလိုက်ပါတယ်။ ဒီလို ထောင်ဒဏ်အများကြီး ချမှတ်နိုင်တဲ့ ပုဒ်မတွေနဲ့ တရားစွဲလိုက်တဲ့အပေါ်မှာတော့ ဝမ်းနည်းရတာကလွဲရင် ဘာမှမပြောတတ်တော့ပါဘူး။ အပြစ်မရှိတဲ့သူတွေကို ဒီလိုလုပ်တာဟာ လုံးဝမတရားပါဘူး” ဟု သူကဆိုသည်။

ဦးမဲကျော့မှာ ပြီးခဲ့သည့် ဇွန်လ ၄ ရက်နေ့ ည ၉ နာရီကျော်အချိန်ခန့်တွင် ၂၈၉ တပ်ရင်းမှ အရာရှိတဦးက နေအိမ်အတွင်းသို့ဝင်ရောက်လာကာ ဖမ်းဆီးသွားခြင်းဖြစ်ပြီး၊ ဦးမောင်ဝင်းကိုလည်း အင်အား ၂၀ ခန့်ရှိသည့် စစ်ကောင်စီ တပ်သားများက နေအိမ်မှဖမ်းဆီးသွားခြင်းဖြစ်သည်။

ဥပဒေပြဌာန်းချက်အရ ၅၀၅(က)မှာ ပြည်ထောင်စုအစိုးရ၏ ကြည်း၊ရေ၊လေ တပ်တခုခုမှ အရာရှိအား သို့တည်းမဟုတ် တပ်သားများအား စစ်ပုန်ကန်ခြင်းကိုသော်လည်းကောင်း အကြောင်းရှိလျှင် ထိုသူကို ထောင်ဒဏ် တမျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ပါရှိသည်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။