myaelatt athan

Sharing Information to the Local

လုံခြုံရေးကိုတာဝန်မယူဘဲ နာဂဒေသကို စေလွှတ်ရန်ပြင်ဆင်မှု စစ်ဆရာဝန်တွေ ကြောက်လန့်နေ

0
0

မြေလတ်အသံ၊ ဇွန် ၂၈၊ ၂၀၂၂။

စစ်ကောင်စီက တပ်မတော်စစ်ဆေးရုံတွေမှာရှိတဲ့ ဆရာဝန်တွေကို နာဂဒေသမှာ တာဝန်ထမ်းဆောင်ဖို့ စေလွှတ်ရန်ပြင်ဆင်နေပြီး ရွေးချယ်အပို့ခံရမယ့် စစ်ဆရာဝန်တွေက ကြောက်လန့်နေတယ်လို့ အမည်မဖော်လိုသူ စစ်တပ်ရင်းမြစ်က မြေလတ်အသံကို ပြောပါတယ်။

၂၀၂၂ ခုနှစ်အတွက် နာဂဒေသသို့ စစ်ကောင်စီက စစ်ဆရာဝန် အယောက် (၄၀) ကို တပ်ဆေးရုံတွေမှာ ယခုရက်ပိုင်းအတွင်း စာရင်းကောက်ခံနေကာ လာမယ့်ဩဂုတ်လထဲမှာ ပို့ဆောင်မှာဖြစ်ပြီး၊ သူတို့ရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး အကူညီတောင်းခံချိန်မှာ ရောက်လာကယ်တင်နိုင်ခြင်းမရှိခဲ့လို့ ပြီးခဲ့တဲ့နှစ် ၁၀ လပိုင်းမှာ စစ်ဆရာဝန် ၂ ယောက် သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

“လုံလ် ဖြစ်စဥ်မှာ စခန်းအသိမ်းပိုက်မခံရခင်၂ ရက်က “နမခ”ကို လုံခြုံရေးတောင်းတယ်။ မပေးနိုင်ဘူး။ “နမခ” က မပေးနိုင်လို့ လုံလ်စခန်းကျသွားတယ်လို့လဲ သိရပါတယ်။ တပ်မတော် ဆရာဝန် ၂ ဦး သေဆုံးမှုမှာလဲ လုံလောက်တဲ့ လုံခြုံရေးမပေးနိုင်ပါဘဲ၊ အခုနှစ်မှာလည်း နာဂဒေသ ကိုသွားဖို့ ၊ တပ်မတော်ကဆရာဝန်တွေကို စာရင်းကောက်ခံလျက်ရှိပါတယ်” လို့ အမည်မဖော်လိုတဲ့ ရင်းမြစ်က ပြောပါတယ်။

နာဂဒေသတွင် တာဝန်ထမ်းဆောင်ရန် ၁၅ နေရာခန့်ရှိပြီး၊ ချင်းပြည်နယ် ထန်တလန်မြို့နယ်လည်း ပါဝင်တာကြောင့် မသွားလိုခြင်းဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

“ဒီကပို့ရင် နာဂဒေသတွင် တာဝန်ထမ်းဆောင်ရန်ဆိုပြီး ပို့တာပါ။ ဟိုရောက်မှ ထန်တလန် မြို့၊ နဲ့တခြားမြို့တွေပြန်ခွဲတာပါ။ နှစ်တိုင်း နာဂသွားတဲ့သူတွေကို ထန်တလန်လွှတ်ပါတယ်။” လို့ သူက ပြောပါတယ်။

နာဂဒေသမှာ ၂ နှစ်တာဝန်ထမ်းဆောင်ပြီးပါက မိမိနေလိုသောဆေးရုံကိုတောင်းခံခွင့်နဲ့ ဆေးပညာဘွဲ့ မဟာသိပ်ပ္ပံသင်တန်း(ပါရဂူ)ကို တန်းတက်ရောက်ခွင့်၊ မိမိရွေးချယ်လိုသော ဘာသာကိုရွေးချယ်ခွင့်ပေးထားပြီး အထူးအခွင့်အရေးရလို့ သွားလိုသူတွေရှိပေမယ့် ချင်းပြည်နယ်၊ ထန်တလန်ကို မသွားလိုကြဘူးလို့ ပြောပါတယ်။

“မနှစ်က ၁၀ လပိုင်းမှာ ချင်းဒေသကာကွယ်ရေးတပ်က ထန်တလန်က တပ်စခန်းတခုကို ဝင်စီးတယ်။ နာဂဒေသကိုလွတ်တဲ့ တပ်မတော်ကဆရာဝန်တွေက နီးစပ်ရာတပ်မှာ တွဲဖက်အနေနဲ့နေရတာ၊ ဝင်စီးတဲ့အချိန် ထန်တလန်မြို့မှာ တာဝန်သွားရောက်ထမ်းဆောင်တဲ့ တပ်မတော်က ဆရာဝန် ၂ ဦးပါ ပါသွားတယ်။” လို့ ၎င်းကဆက်ပြောပါတယ်။

စစ်ကောင်စီတပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ဆေးဆရာဝန် ဗိုလ်ကြီးများမှာလည်း CDM ပြုလုပ်ကာ ပြည်သူ့ရင်ခွင့်ခိုလှုံမှုများလည်း ရှိနေပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။