ပြည်မြို့က လူငယ်တဦး ဖရူဆိုမြို့က ရှေ့တန်းတနေရာမှာ ကျဆုံး

0 3
0 3

ပဲခူး၊ ဇွန် ၁၅၊ ၂၀၂၂။

ပဲခူးတိုင်း ပြည်မြို့က အသက်၂၄နှစ်အရွယ် လူငယ်တဦး မနေ့က ဖရူဆိုမြို့ ရှေ့တန်းတနေရာမှာ လက်နက်ကြီး စမ်းသပ်ရင်း ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

‌လက်နက်ကြီးစမ်းသပ်ရင်း ကျဆုံးသွားတဲ့ လူငယ် ထင်လင်ဦး( ခ) ဂျပန်ကြီးဟာ PDF တပ်ဖွဲ့ လက်နက်ထုတ်လုပ်ရေးမှာ တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး မနေ့က ‌ရှေ့တန်းကို လိုက်အသွားမှာ ကျဆုံးခဲ့တာဖြစ်တယ်လို့ သူငယ်ချင်းဖြစ်သူက ပြောပါတယ်။

” ရှေ့တန်းကို လိုက်သွားတာ၊ သူ့ကို ရှေ့တန်းမလိုက်နဲ့လို့ ပြောတာကို သူက အတင်းလိုက်သွားပြီးတော့၊ လက်နက်ကြီးစမ်းရင်းနဲ့ ကျသွားတာ” လို့ ပြောပါတယ်။

ရဲဘော် ထင်လင်းဦးဟာ၂၄ နှစ်ပြည့်ပြီးထားသူဖြစ်ပြီး လာမဲ့ ဇွန်လ ၂၀ရက် ရက်လည်မှာ အသက်၂၅ နှစ်ပြည့်မှာဖြစ်သလို မိဘတွေကလည်း အမွေပြတ်စွန့်လွှတ်ခံထားရသူဖြစ်ပါတယ်။

သူဟာ အရင်က Sniper အဖွဲ့ထဲမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ကာ ‌အနေအေးပြီး ကူညီတတ်သူတဦးလည်း ဖြစ်တယ်လို့ သူငယ်ချင်းဖြစ်သူ ရဲဘော်တဦးက ပြောပါတယ်။

” တပ်ရင်းမှာလဲအားကိုးရတယ်သူက၊ လေ့ကျင်းခန်းတွေဆိုလဲသူများတွေထက်ပိုပြီးအပင်ပန်းခံလုပ်တတ်တာ၊ သူ့ဆိုအကုန်လုံးကချစ်ကျခင်ကျတယ်၊ နေရင်ပေါတောတောနဲ့ ရုပ်ကလဲဂျပန်ရုပ်တရုပ်ထဲပဲ၊ စိတ်ညစ်စရာရှိရင်တော့တယောက်ထဲပဲအမြဲဖြေရှင်းတတ်တယ်၊ သူများတွေကိုဒုက္ခမပေးချင်လို့တဲ့၊ ခုနောက်ပိုင်းမှ သူအိမ်ကိုလွမ်းတဲ့အကြောင်းနဲ့ ထုတ်လုပ်ရေးရောက်သွားတဲ့အကြောင်းပြောပြတာ” လို့ သူငယ်ချင်း ဖြစ်သူက ပြောပါတယ်။

လက်ရှိ Southern Shan PDF တပ်ရင်း ၁၀၀၅မှာ တာဝန်ထမ်းဆောင်ရင်း လက်နက် မတော်တဆမှုကြောင့် ကရင်နီပြည်နယ် ဖရူဆိုမြို့ ‌ရှေ့တန်းမှာ ကျဆုံးခဲ့တာဖြစ်ပါတယ်။

ရဲဘော်ထင်လင်းဦးဟာ ပြည်မြို့မှာလည်း စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွပါဝင်ခဲ့သူတဦးဖြစ်ပြီး သင်္ကြန်ကာလအပြီးမှာ ပြည်ကပျောက်သွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။