myaelatt athan

Sharing Information to the Local

စစ်ကောင်စီ၏ ငြိမ်းချမ်းရေးပွဲသို့ တက်ရောက်မည့် ALP ကန့်ကွက်ရှုံ့ချခံရ

0 2
0 2

မြေလတ်အသံ၊ မေ ၁၆၊ ၂၀၂၂။

စစ်ကောင်စီကဖိတ်ခေါ်ထားသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်မည့် ရခိုင်ပြည်လွတ် မြောက်ရေးပါတီ(ALP)အဖွဲ့ကို ကန့်ကွက်ရှုတ်ချကြောင်း မေလ ၁၅ ရက်နေ့တွင် ရခိုင်ပြည်နယ်ရှိ လူငယ်အဖွဲ့အစည်း ၂၄ ဖွဲ့က ထုတ်ပြန်လိုက်သည်။

ရခိုင်ပြည်သူလူထုတွင် အမျိုးသားရေးလမ်းစဉ်အရ ရက္ခိတလမ်းစဉ်ရှိနေပြီဖြစ်သည့်အတွက် ပြည်သူလူထုကို ကိုယ်စားမပြုသည့် အဖွဲ့အစည်းအနေဖြင့် ငြိမ်းချမ်းရေးဆွေးပွဲသို့တက်ရောက် လျှင်လည်း ပြည်သူလူထု၏ အသက်အိုးအိမ်၊ စည်းစိမ် လုံခြံမှုအတွက် အာမခံချက်ပေးနိုင်မည် ဟု ယုံကြည်မှုမရှိသဖြင့် ကန့်ကွက်ရှုတ်ချရခြင်းဖြစ်သည်ဟု ရက္ခိုင်ပြည်ကျောင်းသား သမဂ္ဂမှ ပြန်ကြားရေးတာဝန်ခံ ကိုကျော်နိုင်ဌေးက ပြောသည်။

“ALPနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်ရင်လည်း ကျနော်တို့ပြည်သူတွေ ထောက်ခံထားတဲ့အဖွဲ့ မဟုတ်ရင် ဒီဟာကဘာမှ အရာရောက်မှာမဟုတ်ဘူး။ ကျနော်တို့မှာက ရက္ခိတလမ်းစဉ်ရှိပြီးသားဖြစ်တယ်။ အမှန်တစ်ကယ် ငြိမ်းချမ်းရေးက ပြည်သူတွေထောက်ခံတဲ့အဖွဲ့နဲ့ ဆွေးနွေးမှဘဲရမှာဖြစ်တယ်။” ဟု ကိုကျော်နိုင်ဌေးက ပြောသည်။

ALP အပေါ်ကန့်ကွက်ရှုတ်ချသည့်အဖွဲ့များမှာ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ၊ သက်လူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း၊ ကမန်ကျောင်းသားလူငယ်အဖွဲ့၊ မြိုတက္ကသိုလ်ကျောင်းသား/သူများအသင်း၊ မဟာရက္ခိတအဖွဲ့နှင့် ရက္ခိုင်ပြည်ရှိလူငယ်အဖွဲ့အစည်း ၂၄ ဖွဲ့တို့ ဖြစ်ကြသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ရခိုင်ပြည်လွတ် မြောက်ရေးပါတီ(ALP)မှ ဒုဥက္ကဌ ဒေါ်စောမြရာစာလင်းကို မြေလတ်အသံက အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းဆက်ခံဖြေဆိုမှုမရှိခဲ့ပါ။

ရက္ခိုင့်တပ်တော်(AA)နှင့်မြောက်ပိုင်းညီနောင် မဟာမိတ် (၃)ကတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို စောင့်ကြည့်ရဦးမည်ဟု ပြောဆိုထားသည်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများရှိ NCAထိုးထားသည့်အဖွဲ့အစည်းများထဲမှ ငြိမ်း ချမ်းရေးဆွေးနွေးပွဲသို့ ၇ ဖွဲ့တက်ရောက်မည်ဟု သိရပြီး၊ NCA မထိုးထားသည့် အဖွဲ့ထဲမှာတော့ ၃ ဖွဲ့တက်ရောက်မည်ဖြစ်သည်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။