myaelatt athan

Sharing Information to the Local

ပေါက်မြို့နယ်မှာ အမေကိုအဓမ္မပြုကျင့်ပြီး ၂ နှစ်အရွယ်ကလေးငယ်အပါ သားအမိ ၂ ဦးစလုံးကို စစ်ကောင်စီ သတ်ဖြတ်

0 1
0 1

မကွေး၊ မတ် ၈၊ ၂၀၂၂။

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ အင်းဒေါင့်ငယ်ရွာက မိခင်ဖြစ်သူကို အဓမ္မပြုကျင့်ပြီး အသက် ၂ နှစ်အရွယ်ကလေးငယ်အပါအဝင် သားအမိ ၂ ဦးစလုံးကို ပြီးခဲ့တဲ့ မတ်လ ၆ ရက်နေ့က စစ်ကောင်စီက သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အသက် ၄၂ နှစ်အရွယ် မအေးအေးဝင်း၊ အသက် ၂ နှစ်အရွယ် မရတီမိုးတို့ ဖြစ်ပြီး၊ စစ်ကောင်စီနဲ့ပျူစောထီးအဖွဲ့တွေဟာ သူတို့အိမ်မှာရှိတဲ့ငွေတွေကို ဝင်လုပြီးတဲ့နောက် မိခင်ဖြစ်သူ မအေးအေးဝင်းကို အဓမ္မပြုကျင့်ပြီးမှ သတ်ပစ်ခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။

“ပိုက်ဆံ သိန်း ၅၀ ရှိတယ်ဆိုပြီး ဝင်လုတာ၊ သားအမိ ၂ ယောက်ကို သတ်သွားကြတာ၊ မအေနဲ့ သမီးကိုသတ်သွားတာ၊ စစ်သားတွေက မိခင်ကို မဒိန်းကျင့်သွားပြီး သမီးကို ဓါးနဲ့ထိုးပြီး သတ်သွားတာ”လို့ သူကပြောပါတယ်။

အင်အား ၅၀ လောက်ပါတဲ့ စစ်ကောင်စီတပ်တွေဟာ ကျေးရွာအတွင်းက တန်ဖိုးကြီးပစ္စည်းတွေကိုလည်း သယ်သွားပြီး၊ မအေးအေးဝင်းရဲ့ သမီးကြီးဖြစ်သူ အသက် ၁၁ နှစ်အရွယ် မသင်းသင်းမိုးကိုလည်း ဖမ်းဆီးခေါ်သွားကာ လမ်းမှာသတ်ပစ်ခဲ့တယ်လို့ သိရပေမယ့် မြေလတ်အသံက သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

ခုလို စစ်ကောင်စီက ကလေးငယ်တွေနဲ့ အမျိုးသမီးတွေအပေါ် ရက်စက်စွာ သတ်ဖြတ်တာဟာ စစ်တပ်ရဲ့ကျင့်ဝတ်ပိုင်းအရရော၊ လူ့အခွင့်အရေးအရပါ ကိုက်ညီမှုမရှိပဲ လုံးဝမလုပ်သင့်တဲ့ ကိစ္စတခုဖြစ်တယ်လို့ မကွေးလူထုတိုက်ပွဲကော်မတီမှ ကိုချစ်ဝင်းမောင်က သူရဲ့အမြင်ကို ခုလိုပြောပါတယ်။

“ဒီဖြစ်စဥ်မှာဆိုလည်း ကလေးငယ်အပါအဝင် အမျိုးသမီးတွေကို သတ်ဖြတ်တာဟာ ဘယ်လိုရှုထောင့်ကပဲကြည့်ကြည့်၊ ကျင့်ဝတ်ပိုင်းအရရော၊ လူ့အခွင့်အရေးအရပါ ဘယ်လိုမှမဖြစ်သင့်တဲ့ ကိစ္စတခုလို့ ကျနော်တို့မြင်တယ်၊ စစ်အုပ်စုမှာက ကလေးဆိုတာလည်း မရှိဘူး၊ အမျိုးသမီးဆိုတာလည်းမသိဘူး၊ သူတို့ကိုဆန့်ကျင်တဲ့သူအားလုံးကို ရန်သူလို့သတ်မှတ်ပြီး၊ ပြည်သူတွေကိုလည်း ခုလိုရက်စက်သက်ဖြတ်နေတာပဲဖြစ်တယ်၊” လို့ ပြောပါတယ်။

ဒါ့အပြင် အင်းဒေါင့်ငယ်ရွာသား ၂၉ ဦးကိုလည်း လူသားဒိုင်းကာအဖြစ်ဖမ်းခေါ်သွားတယ်လို့ သိရပြီး၊ အဲ့ဒီဖြစ်စဥ်နဲ့ ပက်သက်တဲ့ နောက်ဆက်တွဲ အခြေအနေတွေကိုတော့ မြေလတ်အသံက ဆက်လက်စုံစမ်းနေဆဲပါ။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။